Myanmar
ကလေးများအကြိုက် ရေခဲမုန့်ကြော် ပြုလုပ်နည်း
ကလေးများအကြိုက်တွေ့စေမယ့် ရေခဲ့မုန့်ကြော်လုပ်နည်းက မသိရင်သာ ခက်တယ်ထင်ပြီး လုပ်ရတာ တကယ့်ကိုလွယ်လွယ်လေးပါ။ အောက်တွင် ရေခဲမုန့်ကြော်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ ခဲနေတဲ့ရေခဲမုန့်၊ ကိတ်မုန့်၊ ကြက်ဥ၊ ဂျုံမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂျုံမှုန်ကို ပန်းကန်ထဲထည့်ထားပေးပါ။ ကြက်ဥကို ခွဲပြီး ခလောက်ထားပါ။
ပြီးလျှင် ကိတ်မုန့်ကို ပါးပါးလှီးထားပါ။
ပြီးနောက် ရေခဲမုန့်ကို ရေခဲမုန့်ခပ်ခွက်နဲ့ အလုံးလေးရအောင် ခပ်ပါ။ ပြီးလျှင် ကိတ်မုန့်နဲ့ ရေခဲမုန့်ကို လုံးထားပါ။
ပြီးလျှင် ကြက်ဥပန်းကန်ထဲနှစ်လိုက်ပါ။
ပြီးရင်တော့ ဂျုံမှုန့်ပန်းကန်ထဲ နှစ်လိုက်ပါ။
ပြီးနောက် ရေခဲသေတ္တာထဲတွင် ပြန်ခဲအောင်လုပ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင်တော့ ခဲနေတဲ့ ရေခဲမုန့်ကိုယူပြီး ဆီပူထဲ ထည့်ကြော်လိုက်ပါ။
ပြီးနောက် ရွှေအိုရောင်သန်းလာလျှင်တော့ ဆယ်ပြီး ပန်းကန်ထဲတွင် အလှဆင်ဖို့ အရောင်နဲ့ ယိုတစ်မျိုးကို ဆမ်းပြီး ပူစီနံလေးတစ်ခက်ကို ဘေးမှာထားပြီးရင်တော့ ကလေးများအကြိုက်တွေ့စေမယ့် ရေခဲမုန့်ကြော်လေးကို အသင့် သုံးဆောင်နိုင်ပါပြီ။



