Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် ပြည်ပတင်ပို့ရေး ရထားမရသဖြင့် နှောင့်နှေး၊ မြန်မာဆန် အဝယ်လိုက်

အိန္ဒိယဆန် ပြည်ပတင်ပို့ရေး ရထားမရသဖြင့် နှောင့်နှေး၊ မြန်မာဆန် အဝယ်လိုက်


အိန္ဒိယပြည်ပတင်ပို့မှု နှောင့်နှေးမှုကြောင့် နိုင်ငံတကာဆန်ဈေးများ မြင့်တက်လာပါတယ်။

Screenshot_2022-01-20_090008.png


အိန္ဒိယမှ ဆန်ကုန်သည်များက ဆန်တွေ ပို့ဆောင်ဖို့ ရထား အလုံအလောက် မရတာကြောင့် ဆန်တင်ပို့မှုအသစ်များကို ယာယီရပ်ဆိုင်းထားကြရပါတယ်။
အိန္ဒိယမှ ဆန်တင်ပို့သူများအနက် သုံးပုံတစ်ပုံခန့် ရထားမရကြလို့ ဖေဖော်ဝါရီလအတွက် ဆန်အရောင်းစာချုပ်များ လက်မှတ်မရေးထိုးဘဲ ဆိုင်းငံ့ထားကြပါတယ်။ စာချုပ်ပြီးချိန်မှာ အချိန်မီ တင်ပို့မပေးနိုင်ရင် ကြန့်ကြာကြေး ပေးလျော်ရမယ့်အရေး ရှိနေတာကြောင့် စာချုပ်ဖို့ အချိန်ရွှေ့ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။

အကြီးမားဆုံး ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်တဲ့ အိန္ဒိယမှ ဆန်တင်ပို့နှုန်း နှေးသွားတာကြောင့် ဈေးကွက်ထဲ ဆန်ဈေး မြင့်တက်သွားပြီး ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့မှ ဆန်များ အဝယ်လိုက်လာပါတယ်။

ဘာစမာတီ မဟုတ်သောဆန်များကို အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှ ဆိပ်ကမ်းများ တည်ရှိတဲ့ အရှေ့ဘက် ကမ်းခြေသို့ ပို့ဆောင်ရန်အတွက် ရထား အလုံအလောက်မရဘူးလို့ ဆန်ကုန်သည်များက ပြောကြားပါတယ်။

ယခုလအတွင်း ဆန်တန်ချိန် ၁.၅ သန်း တင်ပို့ဖို့ အစီအစဉ်မှဆန်များ ပို့ဆောင်ရေးမှာ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

ရထားအာဏာပိုင်များက ဓာတ်မြေဩဇာ ပို့ဆောင်ရန်နှင့် ဓာတ်အားစက်ရုံများအတွက် ကျောက်မီးသွေး ပို့ဆောင်ရေးအတွက် ကုန်တွဲများကို ဦးစားပေး သုံးစွဲနေပါတယ်။ ဓာတ်အားစက်ရုံများမှာ ကျောက်မီးသွေး လက်ကျန် နည်းပါးနေတဲ့အတွက် အလျင်စလို ပို့ဆောင်ပေးနေရတာ ဖြစ်ပါတယ်။

သင်္ဘောခက တစ်ရက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ အထိ ကုန်ကျပြီး အချို့ဆန်တင်ပို့သူများ ကြန်ကြာကြေးများ demurrage charges အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ အထိ ပေးလျော်ကြရပါတယ်။ ရမယ့်အမြတ် မရတဲ့အပြင် အရှုံးပြသူတွေ ရှိနေပါတယ်။

ကုန်သည်များက ဆန်ဈေးကို တိုးမြှင့်လိုက်ကြပြီး ၅% ဆန်ကွဲ ပေါင်းဆန် တစ်တန် အမေရိကန်ဒေါ်လာ ၃၈၀ အထိ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ၆ လ တာအတွင်း အမြင့်ဆုံးဈေး ဖြစ်ပါတယ်။

ဈေးမြင့်မားခြင်း၊ တင်ပို့ရာတွင် နှောင့်နှေးြခင်းတို့ကြောင့် အချို့ဝယ်လက်များက ထိုင်းနှင့် မြန်မာတို့ထံမှ ဝယ်ယူကြတယ်လို့ အိန္ဒိယ ဆန်တင်ပို့သူများ အသင်း India's Rice Exporters Association ဥက္ကဋ္ဌ B.V. Krishna Rao က ပြောကြားပါတယ်။

ထိုင်း ၅% ဆန်ကွဲပါဆန် ဈေးနှုန်းများ တစ်တန် အမေရိကန်ဒေါ်လာ ၄၀၄~၄၀၅ အထိ မြင့်တက်နေပါတယ်။


ယခင်က ရထားမရလျှင် ထရပ်ကားဖြင့် ဆန်သယ်ခဲ့ကြပြီး ပြီးခဲ့တဲ့ ခြောက်လအတွင်း ဒီဇယ်ဈေး အဆမတန် မြင့်တက်ခဲ့လို့ ထရပ်ကား တန်ဆာခများလည်း မြင့်တက်ခဲ့တာကြောင့် ဆန်ကို ထရပ်ကားဖြင့် သယ်ယူပါက ယခုအခါ တွက်ခြေမကိုက်တော့ပေ။

"အာရှနဲ့ အာဖရိကတို့မှ ဆန်ဝယ်ယူသူတွေ ထိုင်း၊ မြန်မာ၊ ပါကစ္စတန်တို့ဆီမှာ သွားဝယ်ကြလိမ့်မယ်။ အိန္ဒိယ ဆန်တင်ပို့မှုက မတ်လအထိ လျော့ကျလိမ့်မယ်" လို့ ဥက္ကဋ္ဌက ပြောကြားပါတယ်။

၂၀၂၁ မှာ ကမ္ဘာ့ဆန် တင်ပို့မှုရဲ့ ထက်ဝက်နီးပါးကို အိန္ဒိယက တင်ပို့ခဲ့ပါတယ်။ ၂၀၂၀ ထက် ၄၅% ပိုများခဲ့ပြီး စံချိန်တင် တန်ချိန် ၂၁.၄ သန်း တင်ပို့ခဲ့ပါတယ်။
နောက်ထပ် ဆန်တင်ပို့မှု များပြားတဲ့ ၃ နိုင်ငံက ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့ ဖြစ်ပါတယ်။

အိန္ဒိယ ဆန်ထုတ်လုပ်မှု စံချိန်တင် ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးနှုန်းများကလည်း သင့်တင့်ပါတယ်။ ဒါပေမဲ့ လောဂျစ္စတစ် အပိုင်းမှာ မနိုင်မနင်း ဖြစ်နေတာကြောင့် တင်ပို့မှုမှာ အကန့်အသတ် ဖြစ်နေစေပါတယ်။

 

Screenshot_2022-01-20_085508.png

Read times
Rate this item
(0 votes)