Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စွန်တန်ဟင်းချို

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရည်သောက်ကြိုက်သူများအတွက်

ထမင်းနှင့်တွဲဖက်သုံးဆောင်နိုင်တဲ့ စွန်တန်ဟင်းချိုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်ရိုး၊ စွန်တန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ရိုးကို ရေဖြင့် သန့်စင်ဆေးကြောပြီး ချင်းကို ဓာားပြားရိုက်ထည့်ပြီး ပြုတ်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီးကို လေးစိတ်လှီးပြီး ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတွေကိုလည်း ဓားပြားရိုက်ထားပါ။

 

ပြီးနောက် ဒယ်အိုးတစ်အိုးတွင် ဆီအနည်းငယ်ထည့် အပူပေးပြီး ဓားပြားရိုက်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတွေ အားလုံးကို ရောပြီး ဆီသတ်ပေးပါ။

 

အနံ့အနည်းငယ်မွှေးလာလျှင် မီးအနည်းငယ်လျော့၍ စွန်တန်ခြောက်ကို ထည့်ပြီးဆီသတ်ပါ။

 

စွန်ထန်ခြောက်ကို ဆီသတ်ခြင်းက အနံ့မွှေးသလို အရသာကိုလည်း ပိုမိုထူးခြားစေပါတယ်။

 

ပြီးလျှင် လေးစိတ်ခွဲထားတဲ့ ခရမ်းချဉ်သီးတွေ ပေါင်းထည့်ပြီး ချင်းကြက်ရိုးပြုတ်ရည်ကို လောင်းထည့်ပါ။ ဆား၊ ဟင်းခတ်မှုန့်တို့နှင့် အရသာထပ်ဖြည့်ပြီး ပွက်ပွက်ဆူလျှင် မီးလျှော့ပါ။

 

ပြီးနောက် ကြက်သွန်မြိတ်၊ နံနံပင်အုပ်ပြီး စွန်တန်ဟင်းချိုအရည်သောက်ပူပူလေးကို ထမင်းပူပူနှင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Read times Last modified on Monday, 17 September 2018 13:38
Rate this item
(2 votes)