Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးဖယ်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသားချည်းမစားချင်သူများ

အသုပ်ကလေးလုပ်စားချင်သူများအတွက် ငါးဖယ်သုပ်နည်းလေးကို ဖော်ပြေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးဖယ်၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှောက်ရွက်၊ ချင်း၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့် နှင့် သံပရာရည်တို့လိုအပ်ပါမယ်။

 

ပထမဆုံး ငါးဖယ်ကို ကြက်သွန်ဖြူနှင့် ချင်းရောထောင်းပြီး ညှက်လျှင် ငါးဖယ်ကို ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ထည့်ပါ။ ငါးဖယ်ကို စီးပြီး မာနေအောင် ထောင်းရပါမယ်။

 

ပြီးနောက် လက်ကို ဆီအနည်းငယ်သုပ်ပြီး အလုံးကလေးများပြုလုပ်ကာ ဆီပူပူတွင် နီညိုရောင်သန်းလာသည်အထိကြော်ပြီးလျှင် ဆီစစ်ထားပါ။

 

ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီးရေဆေးထားပါ။ ဂေါ်ဖီရွက်ကိုလည်း ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။ နံနံပင်ကိုလည်း အမြစ်ထွင်ပြီး လှီးဖြတ်ထားပါ။

 

ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ချက်ထားပါ။

 

ပြီးနောက် ငါးဖယ်သုပ်မည့် ပန်းကန်ထဲကို ငါးဖယ်အလုံးကလေးကို ကတ်ကြေးနှင့်ညှပ်ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ နံနံပင်နှင့် သံပရာရည်တို့ထည့်ကာ သမအောင်နယ်ပြီး အပေါ့အငန် အချဉ်အစပ်ကို မြည်းပြီး အရသာရှိသော ငါးဖယ်သုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:36
Rate this item
(1 Vote)