Myanmar
ပန်းသီးကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်တွေ့စေမည့်
အဆန်းအပြားဖြစ်စေသော ပန်းသီးကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပန်းသီး၊ ဂျုံမှုန့်၊ သကြား၊ Baking Powder၊ ဆား၊ နွားနို့၊ ကြက်ဥ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပန်းသီးကို အခွံနွှာ အတုံးကလေးများတုံး၍ပြီးလျှင် ဂျုံမှုန့်၊ သကြား၊ Baking Powder၊ ဆားတို့ကို နှံ့အောင်မွှေထားပါ။ ပြီးလျှင် ကြက်ဥကို ခေါက်ပြီး ထည့်ပါ။ ပြီးနောက် နွားနို့၊ ဆီထည့်ပြီး နှံ့အောင် မွှေထားပါ။
ဒယ်အိုးထဲဆီထည့်အပူပေးပြီး ဆီပူလာရင် ထမင်းစားဇွန်းနဲ့ တဇွန်းဆီခပ်ပြီး ဆီအိုးထဲ ထည့်ကြော်လိုက်ပါ။
တစ်ဖက်ကို မိနစ်အနည်းငယ်ခန့်ကြာသည်အထိ ကြော်ပေးထားပါ။ အညိုရောင်သန်းလာလျှင်တော့ ဇကာထဲထည့် ဆီစစ်ထားပါ။
ဆီစစ်ပြီးလျှင်တော့ ပန်းသီးကြော် ပူပူလေးကို အပေါ်ယံမှ သကြားဖြူး စားနိုင်ပါတယ်။ ကလေးများအကြိုက်တွေ့စေမယ့် ပန်းသီးကြော်ပူပူလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။