Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  25 5 2023

 မန္တလေး ဆန်ဈေးကွက်တွင် ဈေးနှုန်း အတက်အကျများမှာ 

 . 

ရန်ကုန်ပေါ်ဆန်းမှာ အသစ်မဝင် သေးခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၈၇၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

 .

ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ဝင်ရောက်သော ဆန်ဖြစ်၍ အဝင်နည်းခြင်း ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၀၀၀၀၀ ကျပ် မှ ၁၀၃၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

,

ဇီယာဆန်မှာ အသစ်အဝင်နည်းခြင်း ၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း ၊ ရန်ကုန်ဈေးကွက် မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်၍ ပင်ရင်းဈေးမြင့်ခြင်းကြောင့် တစ်အိတ် ၆၂၀၀၀ ကျပ် မှ ယခုအပတ် ၆၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.

မနောသုခဆန်မှာ မြို့တွင်းစားသုံးမှု အများဆုံးဆန်ဖြစ်ခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၆၈၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

.

ဧရာမင်းဆန်မှာ မိုးစပါးစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း ၊ မြို့တွင်းသုံး အဝယ်နည်းခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၉၅၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 26 May 2023 18:36
Rate this item
(0 votes)