Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲကြာဇံသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသားမစားချင်သူများနှင့် သတ်သတ်လွတ်စားချင်သူများအတွက်

ပဲကြာဇံသုပ်နည်းလေးအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲကြာဇံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ခရမ်းချဉ်သီး၊ သံပရာရည်၊ ဆီတို့လိုအပ်ပါမယ်။

 

ပဲကြာဇံကို ရေစိမ်၊ နူးရင် အရွယ်တော်အပိုင်းလေးတွေ ဖြတ်ထားလိုက်ပါ။



ကြက်သွန်ဖြူ။ ကြက်သွန်နီကို အခွံနွှာပြီး ဆီချက်ချက်ထားပါ။



ပြီးလျှင် ပန်းကန်လုံးထဲ ပဲကြာဇံထည့်၍ ရေနွှေးဖြောလိုက်ပါ။ ပဲကြာဇံကို ပြန်ဆယ်ပြီး ရေစစ်ထားပါ။

 

ပြီးနောက် ပဲကြာဆံကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီချက်၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ သံပရာရည်တို့ထည့်၍ ရောမွှေပေးပါ။  ပူစီနံအရွက်ကိုထွင်ပြီး အပေါ်မှ ဖြူးလိုက်ပါ။

 

ပြီးလျှင် အရသာမြည်းကြည့်ပါ။ အရသာကြိုက်ပြီဆိုရင် အသင့်သုံးဆောင်နိုင်တဲ့ ချဉ်၊ ငန်၊ စပ် ပဲကြာဇံသုပ်ကို အသင့်သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Monday, 17 September 2018 13:50
Rate this item
(3 votes)