Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခြစ်ဆီပြန်ဟင်း

ငါးခြစ်ဆီပြန်ဟင်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းမြိန်စေပြီး အိမ်တွင်လည်း

အလွယ်တကူချက်နိုင်တဲ့ ငါးခြစ်ဆီပြန်ဟင်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးကြင်းခြစ်ပြီးသား၊ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဆီ တို့လိုအပ်ပါမယ်။


ပထမဆုံး ငါးဆုပ် ဆီသတ်ရန် ငရုတ်ဆုံထဲမှာ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ညက်အောင် ထောင်းပေးပါ။

 

ငရုတ်ဆုံ ကြီးကြီးထဲမှာ ငါးအသားများကို ညက်အောင်ထောင်းပြီး နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားနှင့် ငါးဖယ်ခြစ်ကိုထည့်ပြီး  စေးကပ်လာတဲ့အထိ ထောင်းပေးပါ။

 

နောက်တခါ ဇောက်နက်သော ဇလုံထဲမှာ ထောင်းထားသော ငါးဖယ်ခြစ်ကို ပေါက်ပေးပါ။

 

ခရမ်းချဉ်သီးကို ခပ်သေးသေး လှီးထားပါ။ နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။

 

ထောင်းပြီးသား ငါးခြစ်များကို လက်မှာရေစွတ်ပြီး အနေတော် အလုံးလေးတွေ ဆုပ်လုံးကာ လုံးပေးပါ။

 

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်၍ ဆီသတ်ပါ။

 

ဆီသတ်တဲ့ ရနံ့သင်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး  ဟင်းခတ်မှုန့်၊ ငါးငံပြာရည်တို့ထည့်ကာ ခရမ်းချဉ်သီးကြေတဲ့အထိ မွှေပေးပြီး တည်ပေးပါ။

 

ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အိုးမကပ်စေရန် ရေအနည်းငယ်ထည့်ကာ မိနစ်အနည်းငယ် ပွက်ပွက်ဆူအောင် ထားလိုက်ပါ။

 

ရေကို အများကြီး တစ်ခါထဲ မထည့်ဘဲ လိုချင်သလောက် ချင့်ချိန်ပြီး ထည့်ပေးပါ။ ရေအရမ်းများပါက ငါးခြစ်ငါးဆုပ်က ကျစ်မနေဘဲ ပွစိကြီး ဖြစ်နေတတ်ပါတယ်။

 

ဟင်းအနှစ် ပွက်ပွက်ဆူလာတာနဲ့ ငါးခြစ်ငါးဆုပ်ကို ထည့်ပြီး ချက်ပေးပါ။

 

 

ဟင်းအိုး ပွက်ပွက်ဆူလာပါက အိုးကိုမမွှေဘဲ အိုးမကပ်စေရန် လှုပ်လှုပ်ပေးပါ။

 

ငါးဆုပ်အသားများ မာလာပြီဆိုတော့မှ ရေလိုသလောက်ထည့်ကာ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး ဆီပြန်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်ကိုပါထည့်၍ အထက်အောက် သမအောင် မွှေပေး၍ ငါးခြစ်ငါးဆုပ်ဟင်းကို ထမင်းပူပူလေးနှင့်တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:49
Rate this item
(1 Vote)