Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြင်းခြံဘက်မှ ကြက်သွန်နီများ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ ဖြင့် စျေးကောင်းရရှိနေ

မြင်းခြံဘက်မှ ကြက်သွန်နီများ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ ဖြင့် စျေးကောင်းရရှိနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေးစျေးကွက်အတွင်း မြင်းခြံဘက်မှ ကြက်သွန်နီများ အရောင်းအဝယ် ကောင်းမွန်လာခြင်းကြောင့် တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ ဖြင့် စျေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍ သိရသည်။

 

ယခုအခါ မန္တလေးစျေးကွက်အတွင်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီကို ကုန်သည်များက အဝယ်လိုက်လာခြင်းကြောင့် စျေးကောင်းရရှိလာကြောင်း၊ ပြည်ပဘင်္ဂလားဒေ့နိုင်ငံဘက်ကလည်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီကို ဝယ်ယူမှုများရှိကြောင်း သိရသည်။

 

“အခု မြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေကို အချို့ကြက်သွန်နီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းရှင်တွေ အဝယ်တော်တော်များလာတယ်” ဟု မန္တလေးမြို့မှ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြသည်။

 

မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလ ဒုတိယအပတ်က မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီ တစ်ပိဿာ လျှင် ငွေကျပ် ၂၂၀၀ ခန့်သာ ပေါက်စျေးရှိခဲ့သော်လည်း ဒီဇင်ဘာ ၂၄ ရက် ပေါက်စျေးအရ မြင်းခြံဘက်မှ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ ရှိနေကြောင်း သိရသည်။

 

“အခုကတော့ မန္တလေးစျေးကွက်ထဲကို ပခုက္ကူဘက်ကထွက်တဲ့ ကြက်သွန်နီတွေလဲ အရောင်းအဝယ်ပြန်ဖြစ်နေတယ်။ အရောင်းအဝယ်အကောင်းဆုံး အနေအထားမှာ ရှိနေတာကတော့ မြင်းခြံဘက်ကထွက်ရှိတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်နီတွေပဲ ဖြစ်ပါတယ်” ဟု မန္တလေးမြို့မှ အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍ သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times
Rate this item
(0 votes)