Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးစိမ်းသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သရက်သီးပေါ်တုန်းလေး အိမ်တွင် လွယ်လင့်တကူ

သုပ်စားနိုင်တဲ့ သရက်သီးစိမ်းသုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ သရက်သီးစိမ်း၊ မြေပဲလှော်၊ ပုစွန်ခြောက်၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ၊ ဟင်းခတ်မှုန့်၊ ငပိထောင်း၊ ငရုပ်သီးမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး သရက်သီးစိမ်းကို အခွံနွှာပြီး ဓားဖြင့် ခပ်သေးသေးလှီးပါမယ်။ မြေပဲလှော်ကို ထောင်းထားရပါမယ်။ ပြီးရင် ပုစွန်ခြောက်ကို ညက်အောင်ထောင်းထားပါ။ ဂေါ်ဖီကို ခပ်ပါးပါးလှီးထားပါ။

 

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီချက်ချက်ထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာ ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။

 

ပြီးနောက် ပန်းကန်လုံးအကြီးကြီးထဲမှာ သရက်သီးစိမ်းနဲ့ ခပ်ပါးပါးလှီးထားတဲ့ ဂေါ်ဖီနှင့် ကြက်များနဲ့ ညက်အောင်ထောင်းထားတဲ့ မြေပဲလှော်နဲ့ ပုစွန်ခြောက်ကို ထည့် ပြီးရင် ဆီချက်ထည့်၊ ဆား၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်မှုန့်နှင့် ငပိထောင်းထည့်၍ ရောနယ်ပေးပါ။

 

ပြီးလျှင် အရသာကို မြည်းကြည့်ပါ။ အရသာအနေတော်ဆိုရင် ဘယ်အချိန်စားစား စားလို့မြိန်စေမည့် သရက်သီးစိမ်းသုပ်လေးကို ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 17 September 2018 13:55
Rate this item
(1 Vote)