Myanmar
တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်
တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်မင်းလှိုင်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား နိုင်ငံတော် မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တောင်သူများအား ပထမအကြိမ် တစ်ဧက အထွက်ကောင်းမျိုးစေ့ဘိုးကျပ် (၈၅၀၀ဝိ/−)နှင့် စိုက်ပျိုးစရိတ်လုပ်ခ ကျပ် (၇၅၀၀ဝိ/−) အား မြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာအုပ်စု (၃၁)အုပ်စုရှိ တောင်သူ (၁၇၅)ဦး ၊ (၅၁၅) ဧက အတွက် ကျပ်သိန်း (၄၆၀၇၀၅၀၀) အား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရပါသည်။
By Myanmar Food Guide



