Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားသုံးထပ်သားသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် မိသားစုဆုံတုန်းလေး လွယ်လင့်တကူ

လုပ်စားနိုင်တဲ့ ချဉ်ငံစပ် ၀က်သားသုံးထပ်သားသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သားသုံးထပ်သား၊ ဆား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်ဆီ၊ သံပရာရည်တို့ လိုအပ်ပါမယ်။

 

ဝက်သားကို ရေဆေးသန့်စင်ဆေးကြောပါ။ ပြီးလျှင် ဆား၊ ပဲငံပြာရည်၊ ကြက်သားမှုန့်၊ နှမ်းဆီတို့ကိုထည့်ပြီး သမအောင်နယ်၍ မိနစ်အနည်းငယ် နှပ်ထားပါ။

 

ပြီးနောက် မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး ဒယ်အိုးပူလာလျှင် မီးအရှိန်မမြှင့်ဘဲ မိနစ်အနည်းငယ်နှပ်ထားပါ။ နှစ်ဖက်စလုံးကို နီညိုရောင်သန်းလာသည်အထိ ဒယ်အိုးပူတိုက်၍ အအေးခံပြီး ပါးပါးလှီးထားပါ။

 

ပြီးလျှင် ၀က်သားသုံးထပ်သားသုပ်မည့် ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ၀က်သားသုံးထပ်သား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ နံနံပင်၊ ငရုတ်ဆီနှင့် သံပရာရည်ထည့်ကာ သမအောင်နယ်၍ အပေါ့၊ အငန်၊ အချဥ်၊ အစပ်ကို မြည်းကြည့်ပြီး လျှင် ဟင်းချိုလေးနှင့်တွဲဖက်၍ ချဉ်ငံစပ်ဝက်သားသုံးထပ်သားသုပ်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:52
Rate this item
(1 Vote)