Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပခုက္ကူမြို့တွင် စိုက်ပျိုးစီးပွားရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပခုက္ကူမြို့တွင် စိုက်ပျိုးစီးပွားရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ Moi.Gov

ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို ပခုက္ကူမြို့ တော်ဝင်နန်းဟိုတယ်ခန်းမတွင် ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၁ရက်နေ့ နံနက် ၉ နာရီမှာ ကျင်းပခဲ့တယ် လို့ သိရပါတယ်။

 

ရှေးဦးစွာ FAO မှ ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးနှင့် အစားအသောက်လုံခြုံရေးဆိုင်ရာအစီအစဉ်မှ ခေါင်းဆောင် Dr.Munir ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။

 

 

ဆက်လက်ပြီး ပခုက္ကူမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်းလွင်က စီမံချက် စတင်ရောက်ရှိလာပုံ၊ စီမံချက်ဝင်ကျေးရွာ ၅ ရွာ ရွေးချယ်မှုအခြေအနေ၊ ပခုက္ကူမြို့နယ်၏ လူဦးရေအချိုးအစား မြေယာ အခြေအနေနှင့် ရာသီဥတု ဆိုင်ရာအချက်အလက်များ ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။

 

အဆိုပါ စီမံကိန်းကို မြို့နယ် ၁၄ မြို့နယ်တွင် ဆောင်ရွက်သွားမှာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၄ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅ မြို့ နယ် တို့တွင် စီမံချက် ကာလ၇ နှစ်အတွင်း စိုက်ပျိုးရေရရှိရေး၊ လယ်ယာကုန်ထုတ်လမ်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် အာဟာရ တိုးတက် မြှင့်တင်ရေးလုပ်ငန်းများကို ADB နှင့် FAO အဖွဲ့တို့၏ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ ၆၇ သန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။

 

By Myanmar Food Industry Guide

 

Moi.Gov

Read 731 times
Rate this item
(0 votes)