Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရဲယိုနှင့် ငါးပေါင်းထုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့

ရဲယိုနှင့် ငါးပေါင်းထုပ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးဖယ်ခြစ်၊ ရဲယိုရွက်၊ ငှက်ပျောဖူး၊ ဆန်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးဟင်းထုပ် ထုပ်ဖို့အတွက် ငှက်ပျောဖူးအတွင်းသားနုနုလေးကို ခပ်ရိတ်ရိတ်လေး လှီးထားပါ။ ပြီးရင် ဆား၊ ဆန်မှုန့်တို့နဲ့ နယ်ထားပါ။

 

ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ၊ ဆားထည့်ပြီး ရောထောင်းထားပါ။ ပြီးလျှင် ရဲယိုရွက်နုနုကို သန့်စင်အောင် ရေဆေးပြီး ရေကို စစ်၍ ဆီသုပ်ထားပါ။

 

ဆီသုတ်ပြီးသား ရဲယိုရွက်ပေါ်ကို ငှက်ပျောဖူးနဲ့ ဆန်မှုန့်နယ်ထားတာကို အပြန့်လိုက်လေးခင်းပေးပါ။

 

ပြီးလျှင် အပေါ်တစ်ထပ်က စောစောက ထောင်းထားတဲ့ ငါးဖယ်ခြစ်ကို အနေတော်ထည့်ပါ။ အစာတွေထည့်လို့ပြီးသွားရင်တော့ ရဲယိုရွက်ကို မုန့်ဖက်ထုပ်ထုပ်သလို အထုပ်လေးတွေဖြစ်အောင် ထုပ်ရပါမယ်။

 

ထုပ်ပြီးသား ဟင်းထုပ်တွေကို ရေထည့်ထားတဲ့ ထမင်းပေါင်းအိုးက ပေါင်းခံခွက်ထဲကို ဆီထည့်ပြီး နာရီဝက်လောက် ပေါင်းပေးထားပါ။

 

ပြီးနောက် ငါးဟင်းထုပ်တွေကို အနေတော်အပိုင်းလေတွေဖြစ်အောင် ဓားနဲ့လှီးပြီး ပန်းကန်ထဲထည့်ကာ ကြိုက်ရာ အချဉ်တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

 

တကယ်လို့ ငါးဖယ်ဖြစ်မသုံးဘဲ သက်သတ်လွတ်စားမယ်ဆိုရင်တော့ မုန်လာဥနီနဲ့ မုန်ညှင်းထုပ်ကို ခပ်ပါးပါးလှီးပြီး သက်သတ်လွတ်အစာသွပ်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:31
Rate this item
(0 votes)