Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားနဲ့ ငါးပုတ်ခြောက်ပေါင်း

ဝက်သားကို ဒီအတိုင်းချည်းစားရတာငြီးငွေ့သူများ ငါးပုတ်ခြောက်ကိုလည်း မီးဖုတ်၊ ကြော်၊ ဟင်းချက်စားရတာ ရိုးအီသွားသူများအတွက်

လွယ်လင့်တကူနဲ့ မြန်မြန်ကျက်စေတဲ့ ဝက်သားနဲ့ ငါးပုတ်ခြောက်ပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ၀က်သား၊ ငါးပုတ်ခြောက်၊ နနွင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ခရမ်းချဉ်သီး တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး အတုံးကလေးများဖြစ်အောင် ပိုင်းဖြတ်ထားပါ။

 

 

ပြီးနောက် ငါးပုတ်ခြောက်ကို အတုံးကလေးများတုံးပြီး မငန်စေရန်အတွက် ဆားရည်နဲ့ ခဏစိမ်ထားပါ။ ပြီးလျှင် ရေ သုံးထပ်လောက် ပြန်ဆေးလိုက်ပါ။

 

 

ပြီးရင် ၀က်သားကို နနွင်းမှုန့်နဲ့ အနည်းငယ်နယ်ထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

 

 

ကြက်သွန်ဖြူ ဓားပြားရိုက်ပြီးရင် ပေါင်းမည့်အထဲသို့ ၀က်သားနဲ့ ငါးပုတ်ခြောက်ကို စပေါင်းလို့ ရပါပြီ။

 

 

ပေါင်းမယ့် ကြွေပန်းကန်လုံးထဲ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို အရင်ခင်းပါ။ သို့မှသာ ကြက်သွန်ဖြူရဲ့  အနံ့လေးက အပေါ်ကိုတက်လာပြီး ဟင်းလျာကို ပိုမွှေးစေပါတယ်။

 

 

ဝက်သားတုံးလေးတွေ တစ်ဝက်ကို အရင်စီထည့်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးတစ်ဝက်ကို ဝက်သားပေါ်က ထပ်စီပါ။

 

 

ပြီးနောက် ငါးပုတ်ခြောက်တစ်ဝက်ကို ဝက်သားတုံးလေးတွေအပေါ်ကနေ စီထားပါ။ ကျန်နေသေးတဲ့ တစ်ဝက်ကိုလည်း နောက်တစ်ခါ ထပ်ပြီး စီထားပါ။

 

 

ငါးပုတ်ခြောက်ကို ဝက်သား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပေါ်က စီထားတာမို့ ငါးပုတ်ခြောက်ရဲ့ အငန်တွေက ဝက်သားဆီကို တိုက်ရိုက်ရောက်ပါတယ်။

 

 

ပြီးလျှင် ရေနွေးအိုးထဲပေါင်းမယ့် ကြွေဇလုံထည့်ပြီး နာရီဝက်လောက် ပေါင်းပါ။ အသားက မနူးလွယ်လျှင်  အချိန်ပိုကြာကြာ ပေါင်းနိုင်ပါတယ်။

 

 

အချိန်ပြည့်ပြီဆိုရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ငါးပုတ်ခြောက်၊ ဝက်သုံးထပ်သားပေါင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:21
Rate this item
(5 votes)