Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဗုံလုံသီးအစာသွပ်ဟင်း

ဒီကနေ့ တင်ပြမည့်အကြောင်းကတော့ အရည်သောက်လေးစားချင်သူများအတွက်

အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့ ဗုံလုံသီးအစာသွပ်ဟင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဗုံလုံသီး၊ ပုစွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ဆီ၊ ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဗုံလုံသီးကို ရေဆေးပြီး အနေတော်လှီးဖြတ်၍ အထဲမှအူတိုင်တွေကို ဖယ်ထုတ်ထားပါ။ ကြက်သွန်ဖြူနှင့်ကြက်သွန်နီကိုနုတ်နုတ်စင်းထားပါ။

 

ပုစွန်ကို အခွံနွှာ ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်နှင့် ရောနယ်ထားပါ။

 

နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီသတ်ဖို့အတွက် အနည်းငယ်ဖယ်ထားပေးပါ။ ကျန်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ကြိတ်စက်ထဲထည့်ပြီး အခွံနွှာထားသော ပုစွန်ကို ရောကြိတ်ပါ။

 

ညက်သွားပြီဆိုရင် အသီးထဲ အစာသွပ်ပါ။ အရမ်းအပြည့်ကြီး မထည့်ရပါ။ ချက်တဲ့အခါ ကွဲထွက်သွားတတ်ပါတယ်။

 

အိုးထဲဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်သီးအစိမ်းမှုန့်တို့ကို ဆီသတ်ပါ။


ဆီသတ်ထားတာ မွှေးလာရင် အစာသွပ်ထားတဲ့ အသီးကို ထည့်ပါ။

 

ဆီနဲ့ပဲ ဗုံလုံသီးအိပြီး အရသာဝင်သွားအောင် အဖုံးအုပ်ပြီး အရင်ချက်ပါ။ အရသာအတွက် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပေးပါ။

 

မိနစ်အနည်းငယ်ချက်လိုက်သောအခါ ဗုံလုံသီးကဆီလေးအိပြီး အနည်းငယ်နွမ်းသွားမှ ရေမြှုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ချက်ပါ။

 

ရေခမ်းပြီး ဆီပြန်လာရင် ဗုံလုံသီး အစာသွပ်ဟင်းလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:37
Rate this item
(0 votes)