Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တာလပေါဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသီးအရွက်အစုံအလင်စားချင်သူများအတွက်

တာလပေါဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ မျှစ်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ပိန္နဲသီး၊ ပင်စိမ်း၊ ငါးပိ၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ချင်း တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပုစွန်ကို ခေါင်းဖြုတ်၊ အခွံနွှာ ရေဆေးသန့်စင်ပြီး ဆား၊  ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့နယ်ပြီး ကျက်ရုံ လှော်ထားပေးပါ။

 

မျှစ်စိမ်းကို အပူကုန်သွားအောင် ပြုတ်ပြီး ပြုတ်ရေသွန်လိုက်ပါ။ ပြီးနောက် မျှစ်ကို နောက်တခါ ထပ်ပြုတ်၍ ပုစွန်၊ ငါးပိ၊ ဆား၊  ဟင်းခတ်မှုန့်၊ ဆန်လှော်မှုန့် ကို ရေဖျော်ထည့်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီးထည့် အစရှိတဲ့ ကြိုက်ရာ အရွက်စုံလေးထည့်၊ ရေထည့်၍ ရေဆူအောင်တည်ပါ။

 

ရေဆူလျှင် မကြာခဏ မွှေပေးပါ။ ရေအနည်းငယ်ခန်း၍ အသီးအနှံများအားလုံးနူးအိလာလျှင် အရသာမြည်းပြီး လိုအပ်တာထပ်ဖြည့်ပြီးလျှင် ပင်စိမ်းရွက်အုပ်ပြီး ပူပူနွေးနွေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:55
Rate this item
(2 votes)