Myanmar



မန္တလေးဈေးကွက် ဆီဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီဈေးနှုန်းများ နှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၁၈ ၈ ၂၀၂၃

မန္တလေးဈေးကွက်တွင်
ဆီဈေးနှုန်းများအနေဖြင့်
● မြေပဲဆီသည် မြေပဲ (ဆီဆံ) အမြင့်ဈေးဖြင့် ကြိတ်ခွဲရသဖြင့် တစ်ပိဿာ ၁၅၀၀၀ ကျပ်၊
● နှမ်းဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်၊
● ပဲပုတ်ဆီတစ်ပိဿာ ၆၂၀၀ ကျပ် ၊
● မုန့်ညင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနုန်းမှာ -

● မြေပဲ(လုံဆံ) မှာမိုးမြေပဲမပေါ်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားနှင့်တရုတ်ဝယ်လက်ရှိခြင်းတို့ကြောင့် ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၇၆၀၀၀၀ ကျပ်မှ ၈၂၀၀၀၀ ကျပ်သို့လည်းကောင်း၊

● မြေပဲ (ဆီဆံ ) မှာ မိုးမြေပဲမပေါ်သေးသော် လည်း၊ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် အရည်သွေးအကောင်းဆုံး ၇၅၀၀၀၀ ကျပ် အရည်အသွေးအညံ့ဆုံး ၆၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နှမ်းမျိုးစုံ ဈေးနုန်း အနေဖြင့် နွေနှမ်း အဝင်နည်း လက်ကျန်နည်းခြင်း၊ မိုးနှမ်းဝင်ချိန်နီးခြင်းတို့ကြောင့်

● နှမ်းဖြူ မှာ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်ရှိခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ၄၁၀၀၀၀ ကျပ် အရည်အသွေးအညံ့ဆုံး ၃၉၀၀၀၀ ကျပ် ဈေးမြင့်နေသည်။

● နှမ်းညိုမှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ မိုးနှမ်း (ညို) အသစ်များစတင် ဝင်ရောက်မှုရှိခြင်းကြောင့် အရည်သွေးအကောင်းဆုံး ယခင်အပတ် ၃၁၀၀၀၀ ကျပ်မှ ၃၂၈၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွား သည်။

● နှမ်းနက်မှာ အသစ်မဝင်သေးခြင်း၊ တရုတ်ဝယ်လက်နှင့် လုပ်ငန်းသမား အဝယ်နည်းခြင်း ကြောင့် ၄၅ ပိဿာ ၃၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်၊

● နှမ်းဝါအသစ်ဝင်ရောက်မှုရှိပြီး အဝင်နည်းခြင်းကြောင့် ၄၅ ပိဿာ ၃၀၀၀၀၀ ကျပ်ရှိသည်။

● ပန်းနှမ်း မှာလက်ကျန်နည်း၊ ပစ္စည်းရှားသော်လည်း ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၁၈၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

● နေကြာဈေးနုန်းအနေဖြင့် မိုးနေကြာမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်းကြောင့် ဆီစက်သမား အဝယ်နည်းသော်လည်း ၂၇ ပိဿာ ၁၃၀၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 18 August 2023 21:04
Rate this item
(0 votes)