Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ချဉ်ငံစပ် ရှူးရှဲမျှစ်သုပ်ထောင်း

ပိတ်ရက် မိသားစုဆုံတုန်းလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ တွေ့လို့ပဲဖြစ်ြဖစ် အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ချဉ်ငံစပ် မျှစ်သုပ်ထောင်းလေးတဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ မျှစ်၊ ခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီး၊ ပဲသီး၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ဆိတ်လှော်၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ မြေပဲလှော်၊ ငပိထောင်း၊ ထန်းလျက်ခဲ၊ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငရုတ်ဆုံထဲသို့ ထန်းလျက်ခဲ၊ မြေပဲလှော်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ထည့်၍ မညက်တညက်ထောင်းပါ။

 

ပြီးလျှင် ငပိထောင်း၊ သကြား၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ဆိတ်လှော်၊ သံပရာရည်ညှစ်ပြီး အခွံပါထည့်၍ ခပ်ဖွဖွထောင်းပေးပါ။

 

Read More >>>>>  တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် လျော့သော်လည်း ဈေးကွက်အသစ်များသို့ တင်ပို့နိုင်မှု မြင့်တက်လာ

 

ပြီးနောက် လှီးထားတဲ့ ခရမ်းချဉ်သီး၊ ခရမ်းကျွတ်သီး၊ မျှစ်၊ ပဲသီး တို့ထည့်၍ ရောမွှေပြီး မြေပဲပြုတ်နှင့် ပြောင်းဖူးပြုတ်လေးထည့်၍ မွှေပေးထားပါ။

 

ပြီးလျှင် အရသာကို အပေါ့အငန်မြည်းကြည့်ပါ။ မိမိစိတ်ကြိုက် အရသာရပြီဆိုရင်တော့ ပန်းကန်ထဲသို့ထည့်၍ ချဉ်ငံစပ် ရှူးရှဲမျှစ်သုပ်ထောင်းကို အသင့်သုံးဆောင်နိုင်ပါပြီ။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Wednesday, 24 July 2019 14:48
Rate this item
(1 Vote)