Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်ဟင်း

ငါးကို အရည်သောက်လေးနဲ့မှ ကြိုက်နှစ်သက်သူများအတွက် ထမင်းမြိန်စေမယ့် ငါးခေါင်းချဉ်စပ်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းကတော့ ငါးခေါင်း၊ ခရမ်းချဉ်သီး၊ မျှစ်၊ မှို၊ နံနံပင်၊ ငုံးဥ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ သံပရာ၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ဆား၊ နနွင်းမှုန့်၊ ငံပြာရည်၊ စပါးလင်၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ငါးခေါင်းကို ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ပွတောင့်တို့ကို ရောထောင်းထားပါ။

 Read More >>>>>  ငှက်ပျောသီးစားလို့ ဝ စေသလား လှ စေမှာလား

ပြီးနောက် စပါးလင်ကိုလည်း ထုချေထားပါ။

 

ပြီးလျှင် ရေဆေးသန့်စင်ထားသေ ငါးခေါင်းကို ဆား၊ နနွင်းမှုန့်၊ ငံပြာရည်ထည့်ပြီး နယ်ထားပေးပါ။

 

ပြီးနောက် ငုံးဥကို ပြုတ်ထားပါ။  မျှစ်ကိုလည်း ရေဆေးထားပြီး ရေစိမ်ထားပါ။

 

ပြီးရင်တော့ ဟင်းချက်မည့်အိုးထဲသို့ ငါးခေါင်းထည့်၊ ဆီ၊ ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊  ငရုတ်ပွတို့ကိုထည့်လိုက်ပါ။ ပြီးလျှင် စပါးလင်၊ ခရမ်းချဉ်သီးထည့်၊ ရေထည့်ပြီး တည်ထားပေးပါ။ ရေကို ငါးခေါင်းမြုပ်အောင် တည်ပေးပါ။

 

ရေပွက်လာလျှင်တော့ အရသာကို စိတ်ကြိုက် ပြင်ဆင်ပါ။  ပြီးနောက် ငါးခေါင်းနူးလာရင်တော့ မှို၊ မျှစ်၊ ငုံးဥ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်တို့ကို ထည့်လိုက်ပါ။

 

နောက်ဆုံးချခါနီးမှ သံပရာရည်ညှစ်ပြီး ငါးခေါင်းချဉ်စပ်ဟင်းလေးကို  ထမင်းပူပူလေးနဲ့ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 28 March 2019 16:15
Rate this item
(2 votes)