Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုပ္ပားဒေသ ကတွတ်ယိုလုပ်ငန်း အရောင်းအဝယ်အေးနေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကြီးမှ

သဘာဝအလျောာက်ပေါက်ရောက်သော ကတွတ်သီးများကို ခူးယူ၍ ယိုထိုးရောင်းချခြင်းဖြင့် ကတွတ်သီးခူးသူနှင့်ယိုလုပ်ငန်းလုပ်ကိုင်သူများအတွက် ဝင်ငွေရရှိ သော လုပ်ငန်းဖြစ်သော်လည်း ၊ ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားအဝင်အထွက်မရှိသဖြင့်၊ ကတွတ်ယို လုပ်ငန်း အရောင်းအဝယ်အေးနေကြောင်းသိရသည်။

သဖန်းသီး (သို့) ကတွတ်သီး ရဲ့ ကျန်းမာ ...

ပုပ္ပားတောင်မကြီးမှာ အမြင့်ပေ(၄၉၈၁)ပေရှိပြီး၊ သဘာဝအလျှောက်ပေါက်နေသော ကတွတ်ပင်များစွာရှိကြောင်းသိ ရသည်။အဆိုပါကတွတ်သီးများကို ဒေသခံလူငယ်များက ခူးယူ၍ ယိုလုပ်ငန်းလုပ်ကိုင်သူများထံပြန်လည်ရောင်းချလေ့ရှိကြ ပြီး၊ ယခုရက်ပိုင်း ခရီးသွားအဝင်အထွက်မရှိသဖြင့် အရောင်းအဝယ်အေးနေသော်လည်း ကတွတ်ယိုမှာ နှစ်ပေါက်နှပ်ထား၍ ရသည့် ဓာတုဗေဒကင်းလွတ်စားသောက်ဖွယ်ရာဖြစ်သဖြင့် အသီးရသမျှ ယိုလုပ်ငန်းမပျက်လုပ်ကိုင်နေရကြောင်းသိရသည်။

“အရင်နှစ်တွေက ဒီအချိန်ဆိုရင် အလုပ်လှိုင်ချိန်ပေါ့ဗျာ… တန်ခူးလမှာဧည့်များတဲ့ကာလဆိုတော့ ပစ္စည်းကလည်းပြတ်သ လောက်ရောင်းရတာပေါ့…ခုချိန်အသီးပါးသွားတော့ အလျင်မီအောင်ကြိုးစားတယ်…ဒီနှစ်တော့ ကိုဗစ်ကြောင့် ခရီးသွားတွေ အဝင်အထွက်မရှိတော့ ပစ္စည်းက အရောင်းအေးတာပေါ့…။ဒါပေမဲ့ ကျွန်တော်တို့ ကတွတ်ယိုက ဓာတုဗေဒကင်းတဲ့သဘာဝ တောတွင်းအပင်ကရတဲ့ကတွတ်သီးကို ဘာဓာတုဗေဒပစ္စည်းမှ မပါပဲ…ထန်းလျက်နဲ့ပဲအဓိကထားပြီးယိုထိုးထားတာဆိုတော့ စဉ့်အိုးတွေထဲမှာ မှိုမတက်အောင် အပေါ်က ဆီလောင်းပြီးအလုံပိတ်ထားရင်နှစ်ပေါက်ထားလို့ရပါတယ်…အဲဒီတော့ တောထဲ က အသီးတွေလည်းအလကားမဖြစ်သလို.. ဒေသခံရွာသားတွေအတွက်လည်း အသီးခူးပြီးငွေရှာတဲ့အလုပ်ရတာပေါ့ဗျာ…” ဟု ပုပ္ပား ကျေးရွာမှ ကတွတ်ယိုလုပ်ငန်းလုပ်ကိုင်သူ ကိုဝမ်းတင်က ပြောပြပါသည်။

ကတွတ်ယိုလုပ်ငန်းမှာ အသီးကိုရေဆေး၍ အသီးဖင်နှင့်ခေါင်းကို ဓားဖြင့်တိ၍ လေးစိတ်စိတ်ပြီး ဒယ်အိုးကြီးတွင် တစ်ဒယ်စာအတွက် ကတွတ်သီး(၅)ပိသာ၊ ထန်းလျှက် (၃)ပိသာ၊ ဆားအနည်းငယ်၊ ရေအနည်းငယ်တို့ဖြင့်ယိုထိုးရခြင်းဖြစ်ကြောင်သိရပြီး၊၎င်းယိုများကို အအေးခံ၍ စဉ့်အိုးအတွင်း အပြည့်ထည့်ကာ မှိုမသမ်းစေရန်အတွက် အပေါ်မှနေ၍ နှမ်းဆီ(သို့) မြေပဲဆီ(၁၀)သားခန့်ကို လောင်းထည့်ပြီး လေလုံအောင် ပိတ်ထားရကြောင်းသိရသည်။
ကတွတ်သီးမှာ နှစ်ပတ်လည်သီးသောအသီးမျိုးဖြစ်သော်လည်း၊ ကဆုန်နှင့်နယုန်လများတွင် ပထမအကြိ်မ်အသီး အများဆုံးသီးပြီး၊ ဝါဆို/ဝါခေါင်လများတွင် ဒုတိယအကြိမ် အများဆုံးသီးကြောင်းနှင့် ကျန်လများတွင် အနည်းငယ်သာသီး ပြီး၊ အသီးအရည်သွေးလည်းမကောင်းကြောင်းသိရသည်။ အများဆုံးသီးသောလများတွင် ဒေသခံလူငယ်များက နံနက်စော(၅) နာရီ ခန့်တွင် မော်ဆော်ဆိုင်ကယ်ဖြင့် တက်ကြပြီး၊ ဦးနုတိုက်အနီး(ရဟတ်ယာဉ်ကွင်းဟောင်း)နေရာဝန်းကျင်တွင်ရှာဖွေ စွတ်ခူး ၍ (၈)နာရီခန့်တွင်ပြန်ဆင်းလာကြပြီး တစ်ကြိမ်တက်လျှင် ပိသာ(၄၀)ခန့်ခူးယူနိုင်ပြီး တစ်ပိသာလျှင်(၃၀၀) ကျပ် ဖြင့် ယိုလုပ်ငန်းလုပ်ကိုင်သူထံသို့ ပြန်လည်ရောင်းချရာ၊ တစ်နေ့လျှင်ငွေကျပ်(၁၂၀၀၀)ခန့်ရရှိနေကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)

 

ပုပၸားေဒသ ကတြတ္ယိုလုပ္ငန္း အေရာင္းအဝယ္ေအးေန

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားေတာင္ႀကီးမွ သဘာဝအေလွ်ာက္ေပါက္ေရာက္ေသာ ကတြတ္သီးမ်ားကို ခူးယူ၍ ယိုထိုးေရာင္းခ်ျခင္းျဖင့္ ကတြတ္သီးခူးသူႏွင့္ယိုလုပ္ငန္းလုပ္ကိုင္သူမ်ားအတြက္ ဝင္ေငြရရွိ ေသာ လုပ္ငန္းျဖစ္ေသာ္လည္း ၊ ယခုအခါ ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ ခရီးသြားအဝင္အထြက္မရွိသျဖင့္၊ ကတြတ္ယို လုပ္ငန္း အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။
ပုပၸားေတာင္မႀကီးမွာ အျမင့္ေပ(၄၉၈၁)ေပရွိၿပီး၊ သဘာဝအေလွ်ာက္ေပါက္ေနေသာ ကတြတ္ပင္မ်ားစြာရွိေၾကာင္းသိ ရသည္။အဆိုပါကတြတ္သီးမ်ားကို ေဒသခံလူငယ္မ်ားက ခူးယူ၍ ယိုလုပ္ငန္းလုပ္ကိုင္သူမ်ားထံျပန္လည္ေရာင္းခ်ေလ့ရွိၾက ၿပီး၊ ယခုရက္ပိုင္း ခရီးသြားအဝင္အထြက္မရွိသျဖင့္ အေရာင္းအဝယ္ေအးေနေသာ္လည္း ကတြတ္ယိုမွာ ႏွစ္ေပါက္ႏွပ္ထား၍ ရသည့္ ဓာတုေဗဒကင္းလြတ္စားေသာက္ဖြယ္ရာျဖစ္သျဖင့္ အသီးရသမွ် ယိုလုပ္ငန္းမပ်က္လုပ္ကိုင္ေနရေၾကာင္းသိရသည္။ “အရင္ႏွစ္ေတြက ဒီအခ်ိန္ဆိုရင္ အလုပ္လႈိင္ခ်ိန္ေပါ့ဗ်ာ… တန္ခူးလမွာဧည့္မ်ားတဲ့ကာလဆိုေတာ့ ပစၥည္းကလည္းျပတ္သ ေလာက္ေရာင္းရတာေပါ့…ခုခ်ိန္အသီးပါးသြားေတာ့ အလ်င္မီေအာင္ႀကိဳးစားတယ္…ဒီႏွစ္ေတာ့ ကိုဗစ္ေၾကာင့္ ခရီးသြားေတြ အဝင္အထြက္မရွိေတာ့ ပစၥည္းက အေရာင္းေအးတာေပါ့…။ဒါေပမဲ့ ကြၽန္ေတာ္တို႔ ကတြတ္ယိုက ဓာတုေဗဒကင္းတဲ့သဘာဝ ေတာတြင္းအပင္ကရတဲ့ကတြတ္သီးကို ဘာဓာတုေဗဒပစၥည္းမွ မပါပဲ…ထန္းလ်က္နဲ႔ပဲအဓိကထားၿပီးယိုထိုးထားတာဆိုေတာ့ စဥ့္အိုးေတြထဲမွာ မႈိမတက္ေအာင္ အေပၚက ဆီေလာင္းၿပီးအလုံပိတ္ထားရင္ႏွစ္ေပါက္ထားလို႔ရပါတယ္…အဲဒီေတာ့ ေတာထဲ က အသီးေတြလည္းအလကားမျဖစ္သလို.. ေဒသခံ႐ြာသားေတြအတြက္လည္း အသီးခူးၿပီးေငြရွာတဲ့အလုပ္ရတာေပါ့ဗ်ာ…” ဟု ပုပၸား ေက်း႐ြာမွ ကတြတ္ယိုလုပ္ငန္းလုပ္ကိုင္သူ ကိုဝမ္းတင္က ေျပာျပပါသည္။ ကတြတ္ယိုလုပ္ငန္းမွာ အသီးကိုေရေဆး၍ အသီးဖင္ႏွင့္ေခါင္းကို ဓားျဖင့္တိ၍ ေလးစိတ္စိတ္ၿပီး ဒယ္အိုးႀကီးတြင္ တစ္ဒယ္စာအတြက္ ကတြတ္သီး(၅)ပိသာ၊ ထန္းလွ်က္ (၃)ပိသာ၊ ဆားအနည္းငယ္၊ ေရအနည္းငယ္တို႔ျဖင့္ယိုထိုးရျခင္းျဖစ္ေၾကာင္သိရၿပီး၊၎ယိုမ်ားကို အေအးခံ၍ စဥ့္အိုးအတြင္း အျပည့္ထည့္ကာ မႈိမသမ္းေစရန္အတြက္ အေပၚမွေန၍ ႏွမ္းဆီ(သို႔) ေျမပဲဆီ(၁၀)သားခန႔္ကို ေလာင္းထည့္ၿပီး ေလလုံေအာင္ ပိတ္ထားရေၾကာင္းသိရသည္။
ကတြတ္သီးမွာ ႏွစ္ပတ္လည္သီးေသာအသီးမ်ိဳးျဖစ္ေသာ္လည္း၊ ကဆုန္ႏွင့္နယုန္လမ်ားတြင္ ပထမအႀကိ္မ္အသီး အမ်ားဆုံးသီးၿပီး၊ ဝါဆို/ဝါေခါင္လမ်ားတြင္ ဒုတိယအႀကိမ္ အမ်ားဆုံးသီးေၾကာင္းႏွင့္ က်န္လမ်ားတြင္ အနည္းငယ္သာသီး ၿပီး၊ အသီးအရည္ေသြးလည္းမေကာင္းေၾကာင္းသိရသည္။ အမ်ားဆုံးသီးေသာလမ်ားတြင္ ေဒသခံလူငယ္မ်ားက နံနက္ေစာ(၅) နာရီ ခန႔္တြင္ ေမာ္ေဆာ္ဆိုင္ကယ္ျဖင့္ တက္ၾကၿပီး၊ ဦးႏုတိုက္အနီး(ရဟတ္ယာဥ္ကြင္းေဟာင္း)ေနရာဝန္းက်င္တြင္ရွာေဖြ စြတ္ခူး ၍ (၈)နာရီခန႔္တြင္ျပန္ဆင္းလာၾကၿပီး တစ္ႀကိမ္တက္လွ်င္ ပိသာ(၄၀)ခန႔္ခူးယူႏိုင္ၿပီး တစ္ပိသာလွ်င္(၃၀၀) က်ပ္ ျဖင့္ ယိုလုပ္ငန္းလုပ္ကိုင္သူထံသို႔ ျပန္လည္ေရာင္းခ်ရာ၊ တစ္ေန႔လွ်င္ေငြက်ပ္(၁၂၀၀၀)ခန႔္ရရွိေနေၾကာင္းသိရသည္။
ေနေအာင္(ျပန္/ဆက္)

Read times Last modified on Tuesday, 09 June 2020 08:23
Rate this item
(0 votes)