Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် မှိုပင်စိမ်း အစပ်ချက်

မှိုကို ကန်စွန်းရွက်နဲ့ ချက်စားရတာရိုးအီနေသူများအတွက် ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်ရအောင် မှိုကို ဟင်းပုံစံလေးဖြစ်အောင် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သောပစ္စည်းများကတော့ ကောက်ရိုးမှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်းမှုန့်၊ ပဲငံပြာရည်အကျဲ၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီအနည်းငယ် တို့ပါဝင်ပါတယ်။

 

ပထမဦးဆုံး ကောက်ရိုးမှိုအလုံးလေးတွေကို ရေဆေးသန့်စင်ပြီးတော့ လေးစိတ်ရအောင် လှီးပါနော်။ ခရမ်းချဉ်သီးကိုလည်း မထူမပါးလေးလှီးပေးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးထားပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းကိုလည်း အညှာခြွေ၊ ရေဆေးပြီး မညက်တညက်လေး ထောင်းပေးပါ။ ပင်စိမ်းရွက်လေးလည်း ရေဆေးပေးပြီး အညွန့်လေးတွေနဲ့ အရွက်လေးတွေ ခြွေယူထားပါ။

 

အားလုံးအသင့်ဖြစ်တဲ့အခါကျရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်အနည်းငယ်ထည့်၊ မီးအားကိုလျှော့ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီ၊ ငရုတ်သီးစိမ်း တွေထည့်ပြီး ဆီသတ်ပေးပါ။

 

ပြီးရင်တော့ ငရုတ်သီးစိမ်းပါတာမို့ သတိထားပြီး မီးအားကို လျှော့လိုက်ပါ။

 

ပြီးနောက် ခရမ်းချဉ်သီးတွေထည့်ပြီး ဆီသတ်၊ ခရမ်းချဉ်သီးက အားလုံး ကြေစရာမလိုတော့ နွမ်းပြီဆိုရင် မှိုလေးတွေထည့်လိုက်ပါ။

 

မီးအားကို ပုံမှန်ပြန်ထားပြီးရင် ဆား၊ သကြား၊ ပဲငံပြာရည်အကျဲလေး ထည့်ပြီးတော့ အားလုံးသမအောင်မွှေ၍ ဒယ်အိုးအဖုံးအုပ်ပြီး တည်ပေး ထားပါ။

 

သုံးမိနစ်လောက်ကြာရင်တော့ ဒယ်အိုးအဖုံးဖွင့်ပြီး တစ်ခါထပ်မွှေ၊ ပြီးတော့မှ မှိုနူးပြီလား ကြည့်၊ မနူးသေးရင် ရေနွေးလေး နည်းနည်းလေးဖျန်းထည့်ပြီး နူးအောင်ချက် ပြီးတော့ အပေါ့အငန်မြည်း၊ လိုတဲ့အရသာ ထပ်ဖြည့်ပြီး ပင်စိမ်းလေး အုပ်လိုက်ပါ။

 

ပြီးပြီဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ မှိုပင်စိမ်းမွှေးအစပ်ချက်လေးကို ထမင်းပူပူလေးနဲ့မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)