Myanmar
နဂါးမောက်သီး ကျောက်ကျော
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အလှူအတန်းလုပ်ရာတွင်ပဲဖြစ်ဖြစ်၊ အိမ်တွင်စားဖို့ပဲဖြစ်ဖြစ်
လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နဂါးမောက်သီးကျောက်ကျော လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ နဂါးမောက်သီးအနီ၊ အာဂါးကျောက်ကျောမှုန့်၊ ဆား၊ သကြား တို့လိုအပ်ပါမယ်။
ပထမဆုံး သကြား၊ ဆား၊ ကျောက်ကျောမှုန့်တို့ကို သမအောင် ရောမွှေထားပါ။
ပြီးလျှင် ဆူပွက်အောင်တည်ထားသော ရေနွေးအိုးထဲသို့ သမအောင် ရောမွှေထားသော ကျောက်ကျောမှုန့်တို့ကို ထည့်၍ ကျိုပေးပါ။
ပြီးနောက် ကြိတ်ချေထားသော နဂါးမောက်သီးထည့်၍ မိနစ်အနည်းငယ် ဆက်ကျိုပေးပါ။ ပြီးလျှင်တော့ လင်ဗန်းထဲသို့ ကျိုထားတဲ့ ကျောက်ကျောကို ဖြည်းညှင်းစွာ လောင်းထည့်၍ အအေးခံထားပေးပါ။
နောက်ဆုံးတွင် မိမိစိတ်ကြိုက် လိုအပ်သလို နဂါးမောက်သီး ကျောက်ကျောလေးကို လှီးဖြတ်၍ အချိုပွဲအဖြစ် အသင့်သုံးဆောင်နိုင်ပါတယ်။