Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြောင်းဈေးများ အနည်းငယ်ကျနေ

တရုတ်နှင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှုလျော့နည်းနေသည့်အတွက် ပြောင်းဈေးများ အနည်းငယ် ကျဆင်းနေသည်

ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။

 

“ပြောင်းဈေးလေးနည်းနည်ကျတယ်။ ပြောင်းဈေးက မနှစ်က ဒီလို ကာလတိုအချိန်မှာ ၂ သောင်းခွဲ ၂ သောင်း ၇ ထောင်လောက်ရှိနေတာ။ ဒီနှစ်က ၂ သောင်း ၃ ထောင်ဘဲ ရှိတော့တယ်။ ယိုးဒယားဘက်က ၈ လပိုင်းမှာ သူတို့ဆီမှာလည်း ထွက်တဲ့ရာသီဆိုတော့ သူတို့ဘက်က အဝယ်ပိတ်ထားတာရယ် တရုတ်ကလည်း အဝယ်နည်းနေသေးလို့ပါ။ ပြောင်းကို ရေလမ်းနဲ့ တင်ပေးတာက ဖိလစ်ပိုင်၊ မလေးရှားတင်ပေးတယ်။ ဒါပေမယ့် ဘော်ဒါနယ်စပ်အနေနဲ့ သွားတာ ကတော့ ထိုင်းနဲ့တရုတ်ကို သွားပါတယ်။ ပြောင်းဈေးတွေကျတဲ့အတွက် တောင်သူတွေ အနေနဲ့ကတော့ အမြတ်နည်းသွားတာပေါ့။ ဒီဈေးနှုန်းက ရှုံးတဲ့ဈေးနှုန်းတော့ မဟုတ်ပေမယ့် ရသင့်ရထိုက်တဲ့ အကျိုးမြတ်မခံစားရတာပေါ့။ " ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားခဲ့သည်။

 

ပြောင်းသီးနှံများကို ရှမ်းပြည်နယ်၊ ပခုက္ကူ၊ ရေစကြို၊ မြင်းခြံ၊ မြောင်၊ မြင်းမူဒေသများနှင့် ဧရာဝတီချင်းတွင်းမြစ် ကမ်းများအနီး စသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်သည့် သီးနှံအဖြစ် နှစ်စဉ် ပြည်ပသို့ တင်ပို့ရောင်းချနေရပါသည်။

 

By Myanmar Food Guide

Read 1208 times
Rate this item
(0 votes)