Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေတဲ့ ကြက်ကချင်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကြက်သားကို ပုံမှန်မစားချင်သူများအတွက်

ကြက်ကချင်ချက်နည်း လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံ၊ ကြက်သွန်ဖြူ၊ ဖက်ဖယ်ရွက်၊ ပင်စိမ်း၊ စပါးလင်၊ ဆား၊ ချင်း၊ ငါးငံပြာရည်၊ နနွင်းမှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ခုတ်ထစ်ပြီး ရေသန့်စင်အောင် ဆေးကြောထားပါ။ ကြက်သားကို ဆား၊ ကြက်သားမှုန့်နဲ့ရောနယ်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ချင်းတို့ကို ရောထောင်းထားပါ။ ဖက်ဖယ်ရွက်ကိုလည်း ထည့်ထောင်းပါ။ ပြီးရင်တော့ ထောင်းထားတဲ့အရာများကို ကြက်သားနဲ့ ရောနယ်လိုက်ပါ။

 

အိုးထဲကို ဆီအနည်းငယ်ထည့်၊ နနွင်းမှုန့်ထည့်၍ ဆီသတ်ပါ။ ဆီသတ်ပြီးရင်တော့ နယ်ထားတဲ့ ကြက်သားတွေကို ထည့်ပါ။

 

ပြီးနောက် ပါးပါးလှီးထားတဲ့ စပါးလင်ကို ထည့်ပြီး မွှေပါ။ အဆက်မပြတ် မွှေပေးပြီးလျှင် ငါးငံပြာရည်ထည့်ပါ။ ခဏမွှေပြီး အနံ့လေး သင်းလာပြီဆိုရင်တော့ ရေထည့်ပြီး အုပ်ထားပါ။

 

ရေပွက်ပွက်ဆူလာရင်တော့ အသားနူးပြီလား ကြည့်ပါ။ မနူးသေးရင် ရေအနည်းငယ် ထပ်ထည့်ပြီး ပြန်အုပ်ထားပါ။

 

မိနစ်အနည်းငယ်လောက်နေရင် အနံ့မွှေးဖို့ အတွက် ထပ်ပြီး ခပ်မယ့် ဟင်းခတ် အမွှေးအကြိုင်အရွက်တွေကို ထည့်ပါ။ ဖက်ဖယ်ရွက်ပဲ ထည့်လည်း ရပါတယ်။

 

ပိုမွှေးတာ ကြိုက်တဲ့သူများအတွက် ရှမ်းနံနံ၊ နံနံပင်နဲ့ ပင်စိမ်းပါ ထည့်လိုက်ပါ။ ဖက်ဖယ်ရွက် မရနိုင်တဲ့ နေရာတွေမှာ ဒီသုံးမျိုးကို ထည့်ပေးပါ။

 

အရွက်တွေ ခပ်ပြီးရင်တော့ အနံ့မွှေးပြီး အရသာလည်းရှိတဲ့ ကြက်ကချင်ချက်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍  သုံးဆောင်နိုင်ပါတယ်။

Read 6320 times Last modified on Tuesday, 18 September 2018 15:17
Rate this item
(3 votes)