Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့ စေမယ့် ပြောင်းဖူးထုပ်

ကလေးတွေအတွက် အာဟာရလည်းဖြစ်ပြီး ကလေးတိုင်းလည်းကြိုက်နှစ်သက်ကျတဲ့အပြင် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ပြောင်းဖူးထုပ်လေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပြောင်းဖူး၊ ဆန်မှုန့်၊ နို့စိမ်း၊ ထောပတ်၊ ဆားတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ပြောင်းဖူးကိုခပ်ပါးပါးလေးတွေလှီးပြီး နို့စိမ်း၊ ဆန်မှုန့်၊ ဆား သင့်တော်ရုံထည့်ပြီး နှံ့အောင်မွှေပေးထားပါ။

 

ပြီးနောက် ပြောင်းဖူးဖတ်ကို မကပ်အောင်ထောပတ်လေးနဲ့သုပ်ပြီး နှံ့အောင်ရောမွှေထားတဲ့ ပြောင်းဖူးအနှစ်လေးတွေသင့်တော်ရုံထည့်ပြီး လုံအောင်ထုပ် ပြောင်းဖူးဖတ်ကိုအမျှင်လေးတွေလုပ်ပြီး ပြန်မပြေအောင်ချည်ထားပါ။

 

ပြီးလျှင် ပေါင်းအိုးအောက်ခြေမှာရေထည့်ပြီး ရေကိုပြောင်းဖူးထုပ်လေးတွေမထိအောင် ခပ်နည်းနည်းဆိုရပါပြီ။

 

Read More >>>>>  ကလေးငယ်များအတွက် ကန်စွန်းဥ ကတ်တလိပ်

 

ပြီးနောက် ရေငွေ့ အပူလေးနဲ့ပဲပြောင်းဖူးထုပ်ကိုကျက်အောင်ပေါင်းရင်ရပါပြီ။

 

ပြီးရင်တော့ ပေါင်းအိုးကရေဆူလာပြီး နာရီဝက်လောက်နေရင် လုပ်ရတာလည်းလွယ်တဲ့ ထောပတ်နံ့နဲ့ ပြောင်းဖူးနံ့ လေးသင်းနေတဲ့ ချိုချိုဆိမ့်ဆိမ့် မွှေးမွှေးလေးဖြစ်နေတဲ့ ပြောင်းဖူးထုပ်လေးတွေကို ကလေးများစိတ်ကြိုက်  မြိန်ယှက်စွာသုံးဆောင်နိုင်ပါပြီ။

 

#Myanmar Food Industry Directory

Read 2280 times Last modified on Monday, 19 August 2019 11:37
Rate this item
(1 Vote)