Myanmar



မန္တလေးဈေးကွက် ဂျုံနှင့် အစေ့ထုတ်ပြောင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ဂျုံနှင့် အစေ့ထုတ်ပြောင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

21 7 2023


မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှဝယ်ရခြင်း၊ ဂျုံစက်များ အဝယ်ရှိခြင်းတို့ကြောင့် ငါန်ဇွန်း၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ ဆားတောင်၊ ရွှေဘို၊ မြင်းမူ၊ မြောင် ဂျုံ ၃တင်းတစ်အိတ်လျှင် အရည်အသွေးပေါ် မူတည်၍ အကောင်းဆုံး ၁၇၃၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်သို့လည်းကောင်း၊ ရှမ်းဂျုံ ၆၀ပိဿာ ၁၆၀၀၀၀ ကျပ်မှ ၁၆၅၀၀၀ ကျပ်သို့လည်းကောင်း၊ ကြူကုတ်ဂျုံ ၁၂၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်သို့ လည်းကောင်း၊ ဩစတေးလျ ဂျုံမှုန့်တစ်ပိဿာ ၃၀၅၀ ကျပ်မှ ၃၁၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။


အစေ့ထုတ်ပြောင်းမှာလည်း ဆောင်းလက်ကျန်နည်းပြီး၊ မိုးပြောင်း မဝင်သေးခြင်း၊ အစာစပ် သမားများ ဝယ်ယူမှုရှိခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၅၄ပိဿာ ၅၉၀၀၀ ကျပ်မှ ၆၀၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Saturday, 29 July 2023 06:07
Rate this item
(0 votes)