Myanmar
မန္တလေးဈေးကွက် ကောက်ပဲသီးနှံ ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် ကောက်ပဲသီးနှံ ဈေးနှုန်းများ အခြေအနေ
ကိုင်းတန်းဈေးဆန်ဈေးကွက်အခြေအနေ
မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ယခုအပတ် ရန်ကုန်ပေါ်ဆန်းအသစ် အဝင်နည်းသွားသဖြင့် တစ်အိတ်လျှင် ယခင်အပတ် ၄၀၀၀၀ ကျပ် မှ ၄၂၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။
ရွှေဘိုပေါ်ဆန်းအသစ်များ စတင်ဝင်ရောက်ပြီး အသစ်တစ်အိတ် (၂၄ ပြည်)လျှင် ၄၄၀၀၀ ကျပ် ၊ အဟောင်းတစ်အိတ် ၅၅၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။
မနောသုခဆန်များလည်း မန္တလေးဝန်းကျင်မှ အသစ်များ ဝင်ရောက်ပြီး အသစ်တစ်အိတ် ၂၇၀၀၀ ကျပ် ၊ အဟောင်းတစ်အိတ် ၃၂၀၀၀ ကျပ် ဈေးဖြစ်ပြီး
ငစိန်ဆန်အသစ်မှာ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ် ဈေးရှိသည်။
ဇီယာဆန်နှင့် ရွှေဘိုမနော်မှာ အသစ်ဝင်ရောက်မှုမရှိသေးခြင်းကြောင့် ယခင်အပတ် တစ်အိတ်လျှင် ၂၈၀၀၀ ကျပ် မှ ၂၉၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ရွှေဘိုမနော်မှာ ပစ္စည်းရှား ၊ အရောင်းအဝယ်ဖြစ်မှု နည်းသဖြင့် တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ငစိန်ဆန်အား မြို့တွင်းမုန့်သမား ၊ လုပ်ငန်းသမား အဝယ်များပြီး ကျန်ဆန်မျိုးစုံအား မိုးမိတ် ၊ ဗန်းမော် ၊ ရွှေကူသို့ ပုံမှန်တင်ပို့မှုရှိကြောင်း သိရသည်။
ကိုင်းတန်းဈေးစားဖိုဆောင်သီးနှံဈေးကွက်အခြေအနေ
မန္တလေး ကိုင်းတန်းဈေးတွင် ကြက်သွန်နီဈေးနှုန်းအနေဖြင့် မြစ်သားကြက်သွန်များ အဝင်များပြီး ပခုက္ကူ ၊ မြင်းခြံတို့မှပါ ဝင်ရောက်မှုရှိပြီး မြစ်သားကြက်သွန်(ကြီး) တစ်ပိဿာ ၁၀၀၀ ကျပ် မှ ၉၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၈၀၀ ကျပ် မှ ၇၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး (သေး) တစ်ပိဿာ ၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။
ကြက်သွန်ဖြူ(တရုတ်)များ အဝင်များခြင်း ၊ မြို့တွင်းသုံးစွဲမှုသာရှိခြင်းကြောင့် ယခင်အပတ် ၄၈၀၀ ကျပ် မှ ၄၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ရှမ်းကြက်သွန်ဖြူမှာ အနိမ့်ဆုံး ၁၄၀၀ ကျပ် မှ အကောင်းဆုံး ၂၅၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်နေပြီး ကြက်သွန်ဖြူ(မြေပြန့်)မှာ အသစ်မဝင်သေးဘဲ ဈေးကွက်အတွင်း ပစ္စည်းရှား ၊ အရောင်းအဝယ်ဖြစ်မှု နည်းနေပါသည်။
အာလူး (အိုကေ ၊ အေဝမ်း ၊ ဆွဲ)တို့မှာ ယခုအပတ် ရောင်းဝယ်မှုရှိသည်ကိုတွေ့ရပြီး အိုကေ တစ်ပိဿာ ၂၀၀၀ ကျပ် ၊ အေဝမ်းတစ်ပိဿာ ၁၈၀၀ ကျပ် ၊ ဆွဲတစ်ပိဿာ ၁၄၀၀ ကျပ် ၊ တရုတ်အာလူး တစ်ပိဿာ၁၇၅၀ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။
ငရုတ်ခြောက်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ရှည် တစ်ပိဿာ ၄၅၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၄၈၀၀ ကျပ် ၊ ဆင်ဖြူကျွန်းပွ ၇၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ၊ အောင်ပန်းပွ ၄၇၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
သီရိမာလာဈေးဟင်းသီး/ရွက်ရောင်းဝယ်မှုအခြေအနေ
မန္တလေး သီရိမာလာဈေး ဟင်းသီး/ရွက်ပွဲရုံများတွင် ခရမ်းချဉ်(ရှမ်းတောင်) ရာသီကုန် ဖြစ်ပြီး မုံရွာ ၊ ညောင်ပင်ဝန်းမှ ထိုင်ဝမ်သီးများ အဝင်များပြီး ၃၀ ပိဿာဝင် ထန်ဖူးတောင်းများဖြင့် ဝင်ရောက်ပြီး တစ်ပိဿာ ၂၂၀၀ ကျပ် ၊ မုံရွာမှ ခရမ်းချဉ် ကျားခြေရာသီးများ ဝင်ရောက်ပြီး တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။
ပန်းမုံလာဈေးနှုန်းအနေဖြင့် အောင်ပန်းနှင့် မုံရွာ ၊ ရေဦးတို့မှ ဝင်ရောက်ပြီး အောင်ပန်းမှ ပန်းမုံလာမှာ အပွင့်သေး၊ အရည်အသွေးကောင်းများ တစ်ပွင့် ၆၀၀ ကျပ် ၊ မုံရွာ ၊ ရေဦး ပန်းမုံလာ အပွင့်ကြီး အရည်အသွေးကောင်းသဖြင့် တစ်ပွင့် ၁၀၀၀ ကျပ် ၊ ဘိုစားပဲ တစ်ပိဿာ ၁၈၀၀ ကျပ် ၊ မုံလာဥနီ တစ်ပိဿာ ၂၂၀၀ ကျပ် ဈေးရှိကြောင်းသိရသည်။
ငရုတ်စို ဈေးနှုန်းအနေဖြင့် အထွက်များ အဝင်များခြင်း ၊ နယ်ဆင်း၍ ဝယ်ယူမှုနည်းသဖြင့် ပင်ရင်းဈေးနိမ့်ခြင်း တို့ကြောင့် ၁၇ ပိဿာ ဝင်ခြင်းများဖြင့် ဗန်းမော် ၊ နမ္မတူသို့ တင်ပို့မှုရှိသော်လည်း ငရုတ်စိုတစ်ပိဿာ ၁၀၀၀ ကျပ် ၊ ငရုတ်စို(လတ်)တစ်ပိဿာ ၁၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။
သစ်သီးဝလံရောင်းဝယ်မှုအခြေအနေ
မန္တလေး ကိုင်းတန်းဈေးအတွင်း သစ်သီးပွဲရုံများတွင် ယခုအပတ် မုံရွာ ၊ ချောင်းဦး မှ ဖရဲသီးများ အဝင်နည်းပြီး မြို့တွင်းစားသုံးမှုပုံမှန်ဖြစ်ခြင်းကြောင့် ဖရဲသီးတစ်လုံးလျှင် ၅၀၀ ကျပ် မှ ၇၀၀ ကျပ်ဖြင့် အရည်အသွေးပေါ်မူတည် ရောင်းဝယ်နေသည်။ သခွားမွှေးများ စတင်ဝင်ရောက်သော်
လည်း အလုံးသေးခြင်း ၊ အရည်အသွေးညံ့ခြင်းကြောင့် တစ်လုံးလျှင် ၃၀၀ ကျပ် မှ ၅၀၀ ကျပ်အထိ အရည်အသွေးပေါ် မူတည် ရောင်းချနေပါသည်။
သင်္ဘောသီးများ ဝင်ရောက်မှုရှိသော်လည်း အရည်အသွေးကောင်းများ ရှားသဖြင့် ၈၀၀ ကျပ် မှ ၁၀၀၀ ကျပ်ထိ ဈေးရှိပြီး
နာနတ်သီးများ လှိုင်လှိုင်ဝင် ရောက်မှုရှိပြီး တစ်လုံးလျှင် ၂၅၀ ကျပ် ဖြင့် မြို့တွင်းလက်လီသမားနှင့် နာနတ်ယိုသမားများဝယ် ယူမှုရှိသည်။
ယိုးဒယားပန်းသီးအိတ်စွပ်များ ၁၀၀ လုံး ဝင် ပလတ်စတစ်ခြင်းများဖြင့်ဝင်ရောက်ပြီး တစ်ခြင်းလျှင် ၃၈၀၀၀ ကျပ် ၊ ပန်းသီးအကြွပ်သီးများ ၁၀၀လုံးဝင် တစ်အိတ် ၁၅၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။
လိမ္မော်သီးများ လှိုင်လှိုင်ဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ လျှင် ၁၂၀၀၀၀ ကျပ် မှ ၂၀၀၀၀၀ ကျပ် ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။
မန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ
မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲ(သစ်)များ ဝင်ရောက်မှုရှိသော်လည်း ပြည်ပတင်ပို့မှုအတွက် ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ၁၂၀၀၀၀ ကျပ် မှ ၁၂၂၅၀၀ ကျပ်သို့ ဈေးမြင့်နေသည်။
ပဲစဉ်းငုံ(နီ) မှာလည်း ရန်ကုန်ဝယ်လက်ရှိခြင်းကြောင့် ၆၀ ပိဿာ ယခင်အပတ် ၁၀၃၀၀၀ ကျပ် မှ ၁၁၈၀၀၀ ကျပ်သို့ ဈေးမြင့်လာပြီး
ပဲစဉ်းငုံ(ဖြူ)အသစ်များ လည်း ဝင်ရောက်မှုရှိပြီး ၆၀ ပိဿာ ၁၀၇၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။
ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ အသစ်မဝင်သေးခြင်းကြောင့် ယခင်အပတ် ၅၃.၂၅ ပိဿာ ၁၆၇၆၆၀ ကျပ် မှ ၁၇၂၅၀၀ ကျပ်သို့ ဈေးမြင့်နေပြီး ပဲပုတ်(ရှမ်း) ၅၃.၂၅ ပိဿာ ၉၈၀၀၀ ကျပ်ဖြင့်ဈေးငြိမ်နေသည်။
ကုလားပဲအုပ်စုအနေဖြင့်ကုလားပဲ(လုံးဝါကြီး)မှာ ကုန်ကြမ်းရှားသော်လည်း ကုန်ချော အဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးပြီး ၅၆.၂၅ ပိဿာ ၁၂၄၀၀၀ ကျပ် မှ ၁၁၉၈၃၀ ကျပ်သို့လည်းကောင်း ၊ ခွဲခြမ်းတစ်ပိဿာ ၃၀၀၀ ကျပ် မှ ၂၉၆၀ ကျပ် သို့ ဈေးနိမ့်သွား သည်။
ကုလားပဲ (လုံးဖြူကြီး)မှာ ၅၇.၂၅ ပိဿာ ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။
ပဲယင်းအသစ်များ စတင်ဝင်ရောက်သဖြင့် ယခင်အပတ် ၆၀ ပိဿာ ၁၀၇၀၀၀ ကျပ် မှ ၁၀၅၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
မြေတောက်ပဲအသစ်အနည်းငယ် ဝင်ရောက်ခြင်း ၊ မြို့တွင်းလက်လီ အဝယ်နည်းခြင်း ၊ ဝင်ရောက်စဖြစ်၍ လှောင်သမားထုတ်ရောင်းမှုရှိခြင်းကြောင့် ၅၄ ပိဿာ ၁၆၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်သို့ လည်းကောင်း ၊
ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၁၆၆၀ ကျပ် မှ ၁၁၄၀၀၀ ကျပ်သို့ ဈေးအသီးသီးနိမ့်သွားပါသည်
။ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး)တို့မှာ အသစ်ဝင်ချိန်နီးခြင်း ၊ လှောင်သမား ရောင်းလိုအားများခြင်းကြောင့်
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ် မှ ၂၅၀၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၃၀၀၀၀ ကျပ် မှ ၂၂၀၀၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၁၃၇၅၀၀ ကျပ် မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးအသီးသီးနိမ့်သွားသည်။
စားတော်ပဲ(ကျွန်း) မှာ ပစ္စည်းရှား ၊ အရောင်းအဝယ်နည်းသဖြင့် ၅၉.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ် ဖြင့် ဈေးငြိမ်နေပြီး စားတော်ပဲ(ကနေဒါ) ၅၉.၂၅ ပိဿာ ၁၈၅၀၀၀ ကျပ် ၊ စားတော်ပဲ(ယူကရိန်း)၁၅၅၀၀၀ကျပ်ဖြင့် လက်လီသမားအဝယ်များ ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်းအနေဖြင့် မိုးလက်ကျန်များ ၊ လှောင်သမားထုတ်ရောင်းမှုရှိခြင်း ၊ ဆောင်းစိုက်ဝင်ချိန်နီးခြင်း ၊ အစာစပ်သမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၅၄ ပိဿာ ၃၄၀၀၀ ကျပ် မှ ၃၃၂၅၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
Market Information Service- DOP- MOALI



