Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကန်ကြီးထောင့်မြို့၌ စပါးခင်းများအတွင်း ငါးမျိုးကောင်ရေ တစ်သိန်းကျော် စိုက်ထည့်

ကန်ကြီးထောင့်မြို့၌ စပါးခင်းများအတွင်း ငါးမျိုးကောင်ရေ တစ်သိန်းကျော် စိုက်ထည့် Moi.Gov

ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာမှာ ပြုလုပ်ခဲ့ပါသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများက ငါးခုံးမကောင်ရေ ၅၀၀၀၀၊ ငါးရွှေဝါကောင်ရေ ၅၃၅၀၀ စုစုပေါင်း ငါးမျိုးကောင်ရေ တစ်သိန်းသုံးထောင်ငါးရာကောင်ရေ(၁၀၃၅၀၀)ကို ဝါးဒူးကျေးရွာ၊ စံပြစပါးခင်းများအတွင်းသို့ စိုက်ထည့်ခဲ့ကြပြီး တောင်သူများထံ ငါးသားပေါက်များ ပေးအပ်ခဲ့ ကြောင်း သိရပါသည်။

 

By Myanmar Food Guide

 

Moi.Gov 

Read times
Rate this item
(0 votes)