Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကွတ်ခိုင်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဒေသခံ တောင်သူများထံ ထောက်ပံ့ငွေများ ပေးအပ်

ကွတ်ခိုင်မြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဒေသခံ တောင်သူများထံ ထောက်ပံ့ငွေများ ပေးအပ် Moi.Gov

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ COVID-19 ရောဂါကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ ဒေသခံတောင်သူများထံ မျိုးစေ့နှင့်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှာ ပေးအပ်ခဲ့တယ်လို့ သိရပါသည်။

 

အဆိုပါ ပေးအပ်သည့်အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဆောင်က အဖွင့်အမှာ စကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး‌ကိုယ်စားခ ရိုင်မျိုးစေ့ တာဝန်ခံဦးအောင်ကိုလတ်က Covid-19 ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့အတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း အ‌ခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ကွတ်ခိုင်မြိုနယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမြတ်ထွန်းအောင်မှ Covid-19ရောဂါ ကာလအတွင်း ဒေသခံ တောင်သူများအခက်အခဲမရှိစေရန်၊ ဝမ်းစာဖူလုံစေရေးအတွက် မျိုးစပါးများကို နည်းစနစ် မှန်ကန်စွာဖြင့် အောင်မြင်အောင်စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး (CERP) အစီအစဉ်အရ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက မျိုးစပါးတစ်ဧကအတွက် မျိုးစေ့‌ထောက်ပံ့ငွေ (၈၃၅၀၀)ကျပ် စုစုပေါင်း (၂၅)ဧကအတွက် ထောက်ပံ့ငွေ(၂၀၈၇၅၀၀) ပေးအပ်ရာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူ(၁၀)ဦးက လက်ခံရယူခဲ့ပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)