Myanmar
ကြက်ဥနှင့် ဆလတ်ရွက်သုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အရွက်သုပ်စားချင်သူများအတွက် အဆင်ပြေစေမည့်အပြင်
လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကြက်ဥနှင့် ဆလတ်ရွက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ဆလတ်ရွက်၊ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သံပရာရည်၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်ဥကို အကျက်ပြုတ်ပြီး အခွံခွာကာ လှီးထားပေးပါ။
ဆလတ်ရွက်ကို အမြစ်ဖယ်ပြီး ရေဆေးကာ ဆားရေ မိနစ်အနည်းငယ်ခန့် စိမ်ထားလိုက်ပါ။ ပြီးရင် ဆလတ်ရွက် တစ်ရွက်ချင်းဆီရအောင် ပြုလုပ်ပြီး ရေစင်စင်ဆေးထားပါ။
ပြီးနောက် ခရမ်းချဉ်သီးကို အရှည်လိုက်လေးတွေ လှီးထားပေးပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးရေစစ်ထားပါ။ ဆလတ်ရွက်ကို အရွယ်တော်လေးဖြစ်အောင် လှီးဖြတ်ထားပါ။
အားလုံးအဆင်သင့်ရင် ဇလုံကြီးကြီးတစ်လုံးထဲမှာ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်ဥပြုတ်၊ သံပရာရည်၊ ဆီစိမ်း၊ အသားမှုန့်အနည်းငယ်ထည့်ပြီး ခပ်ဖွဖွနှံ့အောင်နယ်ပြီး သုပ်ပေးပါ။
ပြီးရင်တော့ ကြက်ဥပြုတ်ရဲ့ အဆိမ့်အရသာလေးနှင့် ဆလတ်ရွက်ရဲ့ အရသာလေးနှစ်ခု ပေါင်းစပ်ပြီးသုပ်ထားတဲ့ ဆလတ်ရွက်သုပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။