Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် နို့အရသာ အာလူးထောင်းပြုလုပ်နည်း

လူတိုင်းလူတိုင်းက အာလူးကို ပုံစံအမျိုးမျိုးနဲ့လုပ်စားကြပါတယ်။

 

ယခုတော့ ကလေးများအကြိုက်တွေ့စေမယ့် နို့အရသာ အာလူးထောင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ နွားနို့၊ ထောပတ်အခဲ၊ ဆား၊ နံနံပင်၊ ကြက်သွန်မြိတ် တို့လိုအပ်ပါမယ်။

 

အာလူးများကို အခွံခွာပြီး ရေဆေးသန့်စင်ထားပါ။ ပြီးအိုးတစ်လုံးထဲသို့ထည့်၍ နာရီဝက်ခန့် ပြုတ်လိုက်ပါ။

 

ပြီးလျှင် အာလူးပြုတ်များကို မွှေစက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးနောက် ကြိတ်ပြီးသား အာလူးများကို အိုးထဲသို့ထည့်လိုက်ပါ။ နွားနို့ပူပူလေးပါ ထပ်ထည့်လိုက်ပါ။

 

ပြီးလျှင် မွှေပေးပါ။ မွှေနေစဉ် ထောပတ်အခဲအသေးလေးများကို မိနစ်အနည်းငယ်ခြားပြီး အိုးထဲထည့်လိုက်ပါ။ အာလူးနဲ့ထောပတ်များ တစ်သားတည်းဖြစ်သွားပါက ဆားအနည်းငယ်ထည့်ပြီး အရသာကို မြည်းကြည့်ပါ။

 

အရသာအဆင်ပြေသွားပြီဆိုရင်တော့ အာလူးထောင်းများကို ပန်းကန်ထဲသို့ထည့်ကာ ဆီအနည်းငယ်၊ နံနံပင် လေးအုပ်လိုက်မယ်ဆိုရင်တော့ ကလေးများအကြိုက်တွေ့စေမယ့် နို့အရသာ အာလူးထောင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 09 October 2018 12:08
Rate this item
(1 Vote)