Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ပေါင်မုန့်နဲ့ ခရမ်းသီးကပ်ကြော်

Unicode >>>>>


ကလေးများအကြိုက်တွေ့စေမယ့် ပေါင်မုန့်နဲ့ ခရမ်းသီးကပ်ကြော်


ကလေးတွေကျောင်းပိတ်ရက် နေ့လည်ဘက်တွင် အဆာပြေလုပ်စားနိုင်တဲ့ပေါင်မုန့်နဲ့ ခရမ်းသီးကပ်ကြော်လေးအကြောင်းကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ပေါင်မုန့်ခြောက်၊ ခရမ်းသီး၊ ဂျုံမှုန့်၊ ကြက်ဥ၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။


Soft Drink & Juice အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၂၈) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ခရမ်းသီးကို ရေဆေးသန့်စင်ပြီး အဝိုင်းလေးတွေဖြစ်အောင်ပါးပါးလှီးထားပါ။


ပြီးနောက် ကြက်ဥနှစ်လုံးကို ပန်းကန်ထဲဖောက်ထည့်ပြီး ခေါက်ထားပါ။


ပြီးလျှင် ပန်းကန်လုံးထဲတွင် ဂျုံမှုန့်၊ ဆား၊ ငရုပ်ကောင်းမှုန့်တို့ကို ရောနယ်ပေးထားပါ။


 ပြီးနောက် ခရမ်းသီးကို ဂျုံမှုန့်ဖြင့် နယ်ပါ။


ပြီးလျှင် ခေါက်ထားတဲ့ ကြက်ဥထဲနှစ်လိုက်ပါ။


Read More >>>>>    ထမင်းမြိန်စေမယ့် ငါးသလောက်ပေါင်း


ပြီးနောက် ပေါင်မုန့်ခြောက်ကပ်လိုက်ပါ။  နောက်ခရမ်းသီးများကိုလည်း ထိုနည်းတူ ပြုလုပ်ပါ။


ပြီးလျှင် မီးဖိုပေါ်သို့ ဒယ်အိုးတင် ဆီထည့်ပြီး အပူပေးထားပါ။


ဆီပူလာလျှင် ပေါင်မှုန့်ခြောက်ကပ်ထားတဲ့ ခရမ်းသီးကို ထည့်ကြော်လိုက်ပါ။


ပြီးနောက် အရသာရှိသော ပေါင်မုန့်နဲ့ ခရမ်းသီးကပ်ကြော်ကို ကြိုက်နှစ်သက်ရာ အပူ၊ အအေးနှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

 

 

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 


 




 


 


 


Read times Last modified on Friday, 06 March 2020 15:06
Rate this item
(0 votes)