Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း သတင်းထုတ်ပြန်ချက် Google

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း (သတင်းထုတ်ပြန်ချက် – ၄/၂၀၂၀)



(၁) မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့နှင့် နိုင်ငံအဝှမ်း စားသုံးသူပြည်သူများ၏ နေ့စဉ် စားသုံးနေသော စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူးပေးရာ အဓိကကျသော နေရာများဖြစ်သည့်အပြင် စားနပ်ရိက္ခာအတွက် မရှိမဖြစ် လိုအပ်သော နေရာများ ဖြစ်ပါသည်။

 

(၂) မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များကို နေ့စဉ် တနင်္ဂနွေနေ့ (၁)ရက်မှလွဲ၍ ဖွင့်လှစ် ရောင်းချပေးလျှက်ရှိရာ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ၊ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ်-(၁ဝ၇/၂၀၂၀)ဖြင့် ရန်ကုန်မြို့အတွင်း (Stay at Home) နေထိုင်ရန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ လမ်းမတော်မြို့နယ်နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)၊ မရမ်းကုန်းမြို့နယ်တို့ကို တစ်ပါတ်လျှင် (၃)ရက်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် ဖွင့်လှစ် ရောင်းချရန်နှင့် ရောင်းချမည့်ချိန်ကို နံနက်(၆း၃၀)နာရီမှ(၁၀း၀၀)နာရီအတွင်းသာ အရောင်းအဝယ် ပြုလုပ်မည်ဖြစ်သဖြင့် အသင်းသူ/သားများနှင့် ဝယ်ယူသူအားလုံးတို့ကို အသိပေး ကြေငြာအပ်ပါသည်။ (ပြန်လည်ပြင်ဆင်ပါက ထပ်မံ ကြေငြာပေးမည်)


(၃) ဆန်စပါးကုန်စည်ဒိုင်များအတွင်း လာရောက်သူ အသင်းသူ/သားများ၊ ရောင်းသူ/ဝယ်သူ များအနေဖြင့် ဆန်စပါးကုန်စည်ဒိုင်များအတွင်းသို့ လာရောက်ကြရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော (COVID-19)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ပါသည်။


မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း

 

119828272_2786202648330974_4306390803396956913_o.jpg

 

By Wyk (Myanmar Food Guide)

Read times
Rate this item
(0 votes)