Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Myanmar Rice Conference 2022 အောက်တိုဘာတွင် ကျင်းပမည်

Myanmar Rice Conference 2022 အောက်တိုဘာတွင် ကျင်းပမည်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး မြန်မာ့ဆန်စပါးနှင့် ပတ်သက်၍ ဆွေးနွေးသွားမည့် Myanmar Rice Conference 2022 ကိုလာမည့် အောက်တိုဘာအတွင်း ကျင်းပရန် စီစဉ်လျက်ရှိရာ၊ ယခုအခါ ညီလာခံကျင်းပမည့် ရက်သတ်မှတ်ရေး၊ ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများ ကြိုတင်သတ်မှတ်ရေး ကိစ္စများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံက သိရသည်။

 

အဆိုပါ Myanmar Rice Conference 2022 ကိုပြည်တွင်း၌ အရည်အသွေးမြင့်ဆန်များ လုံလောက်စွာ ထွက်ရှိရန်၊ ပြည်ပသို့ တန်းမြင့်ဆန်များ တိုးမြှင့်တင်ပို့နိုင်ရန်၊ စပါးအထွက်နှုန်းတိုးတက်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆန်ကြိတ်ခွဲမှု နည်းပညာများ ပိုမိုတိုးတက်လာစေရန်အတွက် ကျင်းပရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

"မြန်မာ့ဆန်စပါးနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အရေးကြီးဆောင်ရွက်မယ့် ကိစ္စတွေကို ဘက်ပေါင်းစုံက လုပ်ငန်းကျွမ်းကျင်သူတွေ တက်ရောက်ပြီး ဆွေးနွေးညှိနှိုင်းကြမယ့် ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်ကပြောသည်။

 

ထိုညီလာခံတွင် ပြည်တွင်းပြည်ပ ဈေးကွက်အတွက် ဆန်စပါးအရည်အသွေးနှင့် အထွက်နှုန်း တိုးမြင့်လာစေရေး၊ စပါးစိုက်တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကိစ္စများအပြင် စပါးခွံများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကာ ဆန်စက်များအတွက် ပြန်လည်အသုံးပြုနိုင်စေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Myanmar Rice Conference 2022 သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က တာဝန်ရှိသူများအပြင် နိုင်ငံတစ်ဝန်းရှိ ဆန်စပါးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သော လုပ်ငန်းရှင်းကြီးများ တက်ရောက်ပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ကာ အကောင်းဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: MDN

Myanmar Food Industry Guide

Read times Last modified on Friday, 30 September 2022 21:04
Rate this item
(0 votes)