Myanmar
ကြက်မြစ်ကြက်သည်းနှင့် အစိမ်းကြော်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အလှူအတန်းလုပ်ရာတွင် အမြဲပါနေကျဖြစ်ပြီး
ဟင်းသီးဟင်းရွက်ကြိုက်သူများအတွက် အဆင်ပြေစေမည့် ကြက်မြစ်ကြက်သည်း ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်မြစ်ကြက်သည်း၊ ဟင်းရွက်စုံ၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ခရုဆီ၊ သကြား၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကြက်မြစ်ကြက်သည်းကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးလေးများဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ဆား၊ အသားမှုန့်တို့နဲ့ နယ်ထားပါ။
ဟင်းသီးဟင်းရွက်များကို လိုအပ်သလို သန့်စင် လှီးဖြတ်ပြီး ရေဆေးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကော်မှုန့်ကို
ဒယ်အိုးထဲသို့ ဆီထည့်လိုက်ပါ။
ဆီပူလာရင် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းရင် အသည်းအမြစ် ကို ထည့်ကြော်ပါ။ ကြက်မြစ်ကြက်သည်းအရောင်ပြောင်းရင် ကျက်ဖို့အတွက် ရေထည့်ပြီး အဖုံးအုပ်ချက်ပါ။
ကြက်မြစ်ကြက်သည်း ကျက်ပြီဆိုရင် ဟင်းသီးဟင်းရွက်၊ ခရုဆီနဲ့ သကြားထည့်ပြီး နှံ့အောင်မွှေပါ။ ဟင်းရွက်အနေအထား မိမိစိတ်ကြိုက်ဖြစ်ရင် ကော်ရည်လောင်းထည့်ပါ။
ကော်ရည်ဆူပြီး အရသာအနေတော်ရင် ထမင်းပူပူလေးနှင့် ကြက်မြစ်ကြက်သည်းအစိမ်းကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။