Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူးရင်းမလိုင်လေး အိမ်တွင် လုပ်စားရအောင်

ဒူးရင်းသီးကို ကြိုက်တဲ့သူများကတော့ ပုံစံအမျိုးမျိုးလုပ်စားကြတာများပါတယ်။ အခုတော့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဒူးရင်းမလိုင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဒူးရင်းသီး၊ နွားနို့၊ ဆား၊ သကြား၊ နို့ဆီ၊ နို့စိမ်း တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဒူးရင်းသီးကို အခွံနွှာပြီး အသားကို နွှင်ထားပါ၊ ပြီးလျှင် နွားနို့ကို မလိုင်ဖတ်ကလေးတက်လာသည်အထိ ကျိုပေးထားပါ၊  ပြီးလျှင် မလိုင်ဖတ်ကလေးတွေကို ဇွန်းဖြင့် ဆယ်ယူပြီး ဖန်ခွက်တစ်လုံးထဲ ထည့်ပေးထားပါ။

 

ကိုယ့်စိတ်ကြိုက် မလိုင်ရပြီဆိုရင်တော့ ကျိုနေတဲ့ နွားနို့ထဲသို့ ဆား၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ကို ထည့်ပြီး ကျိုပေးထားပါ။

 

Read More >>>>>  ယိုးဒယားစတိုင် ချဉ်ငံစပ် ကင်းမွန်ထောင်း

 

ဆူပွက်လာလျှင် အသားနွှင်ထားသော ဒူးရင်းသီးကိုထည့်ပြီး မီးအရှိန်လျှော့ကာ ပြန်ကျိုပေးထားပါ။

 

ဆယ့်ငါးမိနစ်လောက်ကျိုပြီးရင် ဒူးရင်းသီးအရသာနဲ့ နို့အရသာ စိတ်ကြိုက်အရသာရပြီဆိုရင် အဆင်ပြေရင်ရပါပြီ။

 

ပြီးနောက် ကျိုထားပြီးတဲ့ ဒူးရင်းသီးနဲ့ နို့ကို ဖန်ခွက်တစ်ခုထဲသို့ ကြိုက်သလောက်ထည့်လိုက်ပါ။  

 

ပြီးလျှင် စောစောက ခပ်ယူထားတဲ့ မလိုင်ဖတ်များကို အပေါ်မှထည့်ပြီး နို့စိမ်းအနည်းငယ်ထည့် ရေခဲတုံးလေးထည့်ပြီးရင်တော့ အရသာအလွန်ကောင်းမွန်တဲ့ ချို၊ ဆိမ့်၊ မွှေး၊ အေးသော ဒူးရင်းမလိုင်လေးကို အသင့် သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 03 May 2019 13:03
Rate this item
(2 votes)