Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်စတိုင် ငါးပိနှင့်ကြက်သားဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အစပ်ကြိုက်နှစ်သက်သူများအတွက် ရခိုင်စတိုင်

ငါးပိနှင့် ကြက်သားဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ခရမ်းချဉ်သီး၊ ပဒဲကော၊ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်နီ၊ ငါးပိ၊ ဆား၊ နံနံပင်၊ ဆီ၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အရွယ်တော်အတုံးကလေးများဖြစ်အောင် တုံးထားပေးပါ။ ပြီးလျှင် ဒယ်အိုးထဲသို့ ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်းမှုန့်ထည့်၍ ဆီသတ်ပေးပါ။

ပြီးနောက် နနွင်းမှုန့်ထည့်လိုက်ပါ။

 

ကြက်သွန်ဆီသတ်တာကျက်ပြီဆိုလျှင် ပဒဲကော၊ ခရမ်းချဉ်သီးထည့်ပြီး နောက်ထပ်မိနစ်အနည်းငယ်ခန့် ထပ်တည်ထားပေးပါ။

 

ပြီးတော့မှ ကြက်သားထည့်၍ ကြက်သား အရောင်ပြောင်းသည်အထိ လုံးချက်ပေးပါ။

 

ပြီးနောက် ငါးပိ၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ရေတို့ကို ထည့်ကာ နောက်ထပ် မိနစ်အနည်းငယ်ခန့် ထပ်တည်ပေးပါ။

 

ဟင်းအိုးကျက်ရင်တော့ အရသာမြည်းကြည့်ပြီး အပေါ်မှ နံနံပင်အုပ်ကာ အရသာရှိတဲ့ ရခိုင်စတိုင် ငါးပိနှင့် ကြက်သားဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:19
Rate this item
(0 votes)