Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

16 7 2023

 

မန္တလေးကိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက်

 

ငရုတ်ခြောက် (ရှည်) များ သာစည် ပျော်ဘွယ်တို့မှ ဝင်ရောက်ပြီး တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။

 

ကြက်သွန်နီ များ မုံရွာ နှင့် မြင်းခြံတို့မှ ဝင်ရောက်ပြီး မုံရွာကြက်သွန်နီ ကြီးတစ်ပိဿာ ၂၃၀၀ ကျပ်၊ မြင်းခြံ ၂၄၀၀ ကျပ်၊ ကြက်သွန်နီ (လတ်) ၂၃၀၀ ကျပ် သေးတစ်ပိဿာ ၂၀၀၀ ကျပ် ဖြင့် ယခင်အပတ်ထက် ဈေး မသိမသာမြင့်နေသည်။

 

ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန် မြို့တွင်းသုံးနှင့် မှာယူတင်ပို့မှုပုံမှန်ဖြစ်ခြင်းကြောင့် တစ်ပိဿာ ၆၈၀၀ ကျပ်ဖြင့် ဈေးတည်နေသည်။ ကြက်သွန်ဖြူ (မြေပြန့်) မှာ အဝင်နည်း ပစ္စည်းရှား နေခြင်းကြောင့် တစ်ပိဿာ ၇၀၀၀ ကျပ် ဈေးရှိပြီး ကြက်သွန်ဖြူ (ရှမ်း) မှာ အရည်အသွေး အသည့်ဆုံး ယခင်အပတ် ၄၅၀၀ ကျပ် မှ ၅၀၀၀ ကျပ် အရည်အသွေး အကောင်းဆုံး ၅၈၀၀ ကျပ်မှ ၆၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

 

အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးအဝင်နည်း အရောင်းအဝယ်ဖြစ်မှုနည်းပြီး အောင် ပန်းအာလူးများသာ ဝင်ရောက်မှုများပြီး တစ်ပိဿာ ၂၅၀၀ ကျပ် မှ ၂၈၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။

 

ချင်းဈေးနှုန်းအနေဖြင့် ပင်ရင်းဒေသမှ ပြည်ပတင်ပို့ရန် အဝယ်ရှိခြင်း ချင်းသစ်ဝင်ချိန်နီးခြင်း ကြောင့် အရည်အသွေးကောင်း တစ်ပိဿာ ၇၅၀၀ ကျပ် မှ ၈၀၀၀ ကျပ် ဥမတစ်ပိဿာ ၄၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Saturday, 17 June 2023 06:42
Rate this item
(0 votes)