Myanmar
ဝက်သားနှင့် ဂေါ်ရခါးသီးအစပ်ကြော်
ဝက်သားချည်းပဲစားရတာ ရိုးနေသူများ၊ အစပ်ကြိုက်နှစ်သက်သူများအတွက် ဝက်သားနှင့် ဂေါ်ရခါးသီးအစပ်ကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်သား၊ ဂေါ်ရခါးသီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ခရုဆီ၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ကော်မှုန့်တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ဝက်သားကို ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ဆီ တို့နဲ့ ရောနယ်ပေးထားပါ။
ပြီးလျှင် ဝက်သားကို ပါးပါးလှီး၍ အရသာနယ်ပြီး နှပ်ထားပေးပါ။
ပြီးနောက် ဂေါ်ရခါးသီးကို ရေဆေးပြီး အနေတော်အချောင်းငယ်လေးများအဖြစ် လှီးထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ ကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။
ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ထက်ခြမ်းခြမ်းထားတဲ့ ငရုတ်သီးကို ဆီသတ်ပါ။
ပြီးနောက် အနံ့မွှေးလာပြီဆိုလျှင်တော့ နှပ်ထားတဲ့ ဝက်သားကိုထည့်ပြီး ဆီသတ်ပေးပါ။
ပြီးလျှင် အနေတော်လှီးထားတဲ့ ဂေါ်ရခါးသီးများကိုထည့်၊ ကြက်သားမှုန့်ထည့်ပြီး ရေအနည်းငယ်ထည့်လိုက်ပါ။
Read More >>>>> ယမ်ယမ်ခေါက်ဆွဲခြောက်ကို ဆီချက်လေးလုပ်စားကြရအောင်
ပြီးနောက် အရသာလည်းအနေတော်ဖြစ်ပြီး ဝက်သားနှင့်ဂေါ်ရခါးသီးလည်းနူးပြီဆိုလျှင် ပန်းကန်မှာပြင်၍ ကြက်သွန်မြိတ်ထည့်ကာ ထမင်းပူပူလေးနဲ့ အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



