Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥကြော်သုပ်

အရင်ကဆိုရင် ကြက်ဥပြုတ်၊ ကြက်ဥ မွှေကြော်၊ ကြက်ဥ ဟတ်ဘွိုင်တို့ကိုသာ ပြုလုပ်ကြပါတယ်။ ယခုတော့ ဟင်းမချက်မတတ်သူများနှင့်

တစ်ယောက်တည်းနေသူတွေအတွက် အဆင်ပြေသွားအောင် ကြက်ဥကြော်သုပ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 


လိုအပ်တဲ့ အမယ်တွေကတော့ ကြက်ဥ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ငံပြာရည်၊ သံပုရာသီးနဲ့ သကြားတို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ကြက်ဥကို ခေါက်မွှေပြီး အိုးထဲမှာ ခပ်ကြွပ်ကြွပ်ဖြစ်အောင် ကြော်လိုက်ပါ။

 


ပြီးရင်တော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကို ခပ်ပါးပါးလှီးပြီး ရေနဲ့ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီကို ကြက်ဥမကြော်ခင်ကတည်းက လှီးပြီး ရေစိမ်ထားရင်တော့ အနံ့လျော့ပြီး သိပ်မမွှန်တော့ပါဘူး။

 

 

ပြီးလျင် ကြော်ထားတဲ့ ကြက်ဥတွေကို လက်နှစ်ဆစ်လောက် အပိုင်းလေးတွေဖြစ်အောင် လှီးပါ။ ကတ်ကြေးနဲ့ညှပ်လည်း ရပါတယ်။

 


ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းလေး ပါးပါးလှီး၊ ကြက်ဥပိုင်းလေးတွေ ထည့်ပြီးရင်တော့ သံပရာသီးကို လေးစိတ်စိတ်ပြီး တစ်စိတ်ကို ညှစ်ထည့်လိုက်ပါ။

 


ပြီးနောက် ငံပြာရည်အနည်းငယ်ထည့်ပြီး သကြားအနည်းငယ်ထည့်ပါမယ်။ ပြီးရင်တော့ သမအောင် မွှေပြီး သုတ်လိုက်ပါ။

 

 

ကြက်ဥကြော်ထဲကို ငံပြာရည်နဲ့ သကြားတို့ ပျော်ဝင်သမသွားပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ နံနံပင်လေး အုပ်လိုက်ရင် စားလို့ကောင်းတဲ့ ကြက်ဥကြော်သုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်လိုက်ဖြင့် မြိန်ယှက်ပြီး အရသာရှိသွားမှာ အသေအချာပါပဲ။

Read times Last modified on Tuesday, 18 September 2018 13:29
Rate this item
(1 Vote)