Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့်အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ဟင်းသီးဟင်းရွက်နှင့်အသီး ပြောင်း ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

14 8 2023

မန္တလေးဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းအနေဖြင့်
● ငရုတ်စို (ရှည်) မှာ ပြည်ဦးလွင် မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး တစ်ပိဿာ၂၅၀၀ ကျပ်၊
● ငရုတ်စို(လတ်) မှာ မုံရွာ ချောင်ဦး မှမဝင်သေးဘဲ တပ်ကုန်းမှဝင်ရောက်ပြီး အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့် လက်ဖက်၊ ငပိထောင်းသမားနှင့် ကွပ်ခိုင် ၅ရက်တစ်ဈေးသို့ တင်ပို့မှုရှိသည်။

● အောင်ပန်းမှ ဘိုပဲစားများအဝင် များလာခြင်ကြောင့် တစ်ပိဿာ၁၆၀၀ ကျပ်သို့ဈေးနိမ့်သွားသည်၊


● အောင်ပန်းမှ ဂေါ်ဖီထုပ်များအဝင် များလာပြီး အရည်အသွေးအနည်းငယ်နိမ့်သွားသောကြောင့် ပန်းမုံလာတစ်ပွင့် ၁၀၀၀ ကျပ် ဂေါ်ဖီ တစ်ထုပ် ၁၂၀၀ ကျပ်သို့ဈေးမသိမသာနိမ့်သွားသည်။

သစ်သီးဝလံဈေးနှုန်းအနေဖြင့်
● သီပေါနာနာတ်များ လှိုင်လှိုင်ဝင်ရောက်သဖြင့် အရည်အသွေး ပေါ်မှုတည်၍ ၂၀၀ ကျပ်မှ ၈၀၀ ကျပ်ထိ ဈေးအမျိုးမျိူးဖြင့်ရောင်းချမှုရှိသည်။

ရမည်းသင်းမှစပျစ်သီး နှင့်တရုတ်စပျစ်သီးနှစ်မျိုးလုံးဝင်ရောက်မှုရှိပြီး
● မြန်မာစပျစ်သီး တစ်ပိဿာ ၄၈၀၀ ကျပ်၊
● တရုတ် စပျစ်သီး ၇ပိဿာတစ်ခြင်း ၈၀၀၀၀ ကျပ်ထိဈေးမြင့်နေသည်။

● ဖရဲသီးများ နယ်စုံဝင်ရောက်လာ ခြင်းကြောင့် အရည်သွေးပေါ်မှုတည်၍ ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊
● သခွားမွေး ၄လုံး တစ်ဖာ၈၀၀၀ မှ ၁၀၀၀၀ကျပ်ဖြင့် လာရှိုး၊ မူဆယ်နှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။

● မြင်းမှု၊ တံတားဦးတို့မှ သင်္ဘောသီးများအဝင်နည်းခြင်းကြောင့် တစ်လုံးလျင် ၃၀၀၀ ကျပ်၊ နှစ်လုံးတွဲ ၂၈၀၀ ကျပ်အမြင့် ဈေးဖြင့်ရောင်းဝယ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Tuesday, 15 August 2023 11:06
Rate this item
(0 votes)