Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏

အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀)ကို အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁)တွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက အစည်းအဝေး (၉)ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀၉) ချက်ချမှတ်ကာ ဆောင်ရွက်ရန် ကိစ္စရပ်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် ကော်မတီက ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါပြီး မိမိတို့လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရေးကိုလည်း ဆက်လက် ဆောင်ရွက်ပေး လျက်ရှိနေသည်။ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေပမာဏ ငွေကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလီယံ ထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခုသို့ ငွေကျပ် ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ်ပေးပြီး ဖြစ်ပါသည်။

 

ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေ ငွေကျပ် ၄ ဒသမ ၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက် လျက်ရှိပါပြီး ဒုတိယအကြိမ် ချေးငွေ ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ငွေကျပ် ဘီလီယံ ၁၀၀ ထပ်မံလျာထားပေးခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ငွေကျပ် ၂၀ ဒသမ ၇၇၇ ဘီလီယံခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ငွေကျပ် ၂၁ ဒသမ ၁၂၂ ဘီလီယံထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေး မည်ဖြစ်သည်။ ဤသို့ အတည်ပြုပြီးပါက ဒုတိယအကြိမ် ချေးငွေမှ ကဏ္ဍအလိုက် ခွင့်ပြုထုတ်ပေးနိုင်မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိလာမည်ဖြစ်ပြီး ငွေပမာဏမှာ ငွေကျပ် ၄၁ ဒသမ ၈၉၉ ဘီလီယံ ရှိလာမည် ဖြစ်သည်။

 

ကဏ္ဍတစ်ခုချင်း အလိုက် ချေးငွေထုတ်ပေးနိုင်မှု အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်း ၄၁ ခု ငွေကျပ် ၁၀၁၀ သန်း၊ မွေးမြူရေးကဏ္ဍ လုပ်ငန်း ၁၈၂ ခု ငွေကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်း ကဏ္ဍလုပ်ငန်း ၉၃ ခု ငွေကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်း ကဏ္ဍ လုပ်ငန်း ၄၂ ခု ငွေကျပ် ၁၇၇၀ သန်း၊ သွင်းကုန်အစားထိုးကဏ္ဍ လုပ်ငန်း ၁၅၃ ခု ငွေကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်းများ လုပ်ငန်း ၄၉ ခု ငွေကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန် ကဏ္ဍ လုပ်ငန်း ၁၅၇၀ ငွေကျပ် ၂၇၅၆၀ သန်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်းများ လုပ်ငန်း ၇၀ ငွေကျပ် ၈၇၀ သန်း၊ အသက်မွေးပညာသင် လုပ်ငန်းများ လုပ်ငန်း ၄၁ ခု ငွေကျပ် ၈၂၅ သန်း၊ စုစုပေါင်း လုပ်ငန်း ၂၂၄၁ ခု ငွေကျပ် ၄၁၈၉၉ သန်း ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ငွေကျပ် ၁၅ ဘီလီယံ သီးခြားလျာထားပေးပြီး ဖြစ်သည်။

 

လုပ်ငန်းကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းများအတွက် ကြိုတင်လစာချေးငွေထုတ်ပေးမှု အခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ချေးငွေထုတ်ပေးနိုင်ရေး အတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ရန်ပုံငွေဖြည့်တင်းထားမှု အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းသို့ ချေးငွေထုတ်ပေးရေးနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေ အပါအဝင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

 

နောက်ပြီး လုပ်ငန်းကော်မတီဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ချေးငွေများအား ပုဂ္ဂလိကဘဏ်များမှ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ချေးငွေ ထုတ်ပေးနိုင်ရေး စိစစ်ခြင်းကို မှန်ကန်တိကျမှု ပိုမိုကောင်းမွန်စေရေးအတွက် အချိန်ယူ ဆောင်ရွက်ခဲ့ရသော်လည်း ချေးငွေများ ထုတ်ပေးခြင်းကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက် ပေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ချေးငွေထုတ်ပေးပြီး နောက်ပိုင်း တွင် လုပ်ငန်းရှင်များက ရရှိသည့်ချေးငွေအပေါ် အသုံးပြုဆောင်ရွက်မှု အခြေအနေ ကိုလည်း ဆန်းစစ်သုံးသပ်ရန်အစီအစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ် လုပ်ငန်းများ အရှိန်မပျက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် နိုင်ငံတော်မှ ချေးငွေထုတ် ချေးခြင်းအပါအဝင် အခြားထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ မည်မျှကျခံ ဆောင်ရွက် ပေးထားသည်ကို စုစည်းတွက်ချက်ထားရှိရေးတို့ နှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးကြသည်။

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည်သုံးသပ်ကြပြီး လုပ်ငန်းကော်မတီသို့ ဌာန၊ အဖွဲ့အစည်းအသီးသီးက တင်ပြထားရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

By Myanmar Food Guide

moi.gov

Read times
Rate this item
(0 votes)