Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများကို ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံများ လိုသလောက်ယူ စနစ်ဖြင့်ဝေငှလျက်ရှိပြီး (၁၀)ရက်ကြာဝေငှပေး သွားမည်

ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများအား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နဂါးကွက်သစ်ရှိ

သဟပုညကာရီဘုံဆွမ်းလောင်းအသင်းမှ စားဖိုချောင်သီးနှံဟင်းချက်စရာများအား ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံများကို အောက်တိုဘာ ၁၁ ရက် မှ စတင်၍ လိုသလောက်ယူ စနစ်ဖြင့်ဝေငှလျက်ရှိပြီး (၁၀)ရက်ကြာဝေငှပေး သွားမည်ဖြစ်သည်။

 

“အလှူရှင်တွေရဲ့ မတည်လှူဒါန်းမှုနဲ့ အသင်းဦးဆောင်သူတွေက ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ပူးပေါင်း စီစဉ်တာပါ၊ နေ့စဉ်နံနက် ၇ နာရီမှာ သတ်မှတ်ထားတဲ့ရပ်ကွက်တွေဆီ အလှည့်ကျလိုက်လံဝေငှ ပေးသွားဖို့စီစဉ်ထားတယ်”

 

“လောလောဆယ်တော့ (၁၀)ရက်ကြာလှည့်လည်ပြီး ဝေငှလှူဒါန်းပေးသွားဖို့ စီစဉ်ထားပါတယ်၊ အလှူရှင်ရရှိမှုပေါ် မူတည်ပြီး လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်နေပါတယ်၊ ရပ်ကွက်တစ်ခုကိုလူနှစ်ရာ၊ နှစ်ရာ့ ငါးဆယ်လောက်မှန်းပြီး စီစဉ် တာပါ၊ တိုးဝှေ့ယူတာမျိုးမရှိရအောင်တန်းစီယူစေပါတယ်၊ ခင်းထားတဲ့ ဟင်းရွက်စုံ လိုသလောက်ယူ ကြက်ဥတစ်ထုပ်ပေးတယ်၊ ဒီနေ့ဒီနေရာမှာလှူတယ်၊ နောက်ရက်ကျတော့ နောက်တစ်နေရာပေါ့ အလှည့်ကျလှူပေးသွားမှာပါ” လို့ သဟပုညကာရီဘုံဆွမ်းလောင်းအသင်းဒုတိယဥက္ကဋ္ဌဦးသောင်းဝင်းထွန်းက ပြောကြားခဲ့သည်။

 

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် စားဖိုချောင်သီးနှံများဝေငှရာတွင် စားပွဲခုံတန်းနှင့် ခင်းကျင်းပြီး တစ်ဦးချင်းလိုသလောက်ယူစနစ်ဖြင့် ဝေငှပေးခဲ့ပြီး အသင်းကနေ နေ့စဉ်မနက်တိုင်း လိုအပ်သော ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည်ဝေငှပေးသွားမည်ဖြစ်သည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)