Myanmar
ခရမ်းချဉ်သီး ငါးပိလိမ္မာချက်
ထမင်းစားချင်စိတ်မရှိသူများအတွက် ထမင်းမြိန်စေမည့် ခရမ်းချဉ်သီး
ငါးပိလိမ္မာချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူစေပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ငါးပိရည်ကျို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ခရမ်းချဉ်သီး၊ ခရမ်းကြွပ်သီး၊ ငရုတ်သီးစိမ်း၊ ဆီ၊ ဆား တို့ လိုအပ်ပါမယ်။
ပထမဆုံး ဒယ်အိုးထဲသို့ ဆီထည့်ပါ။ ဆီကို ပူအောင် တည်ပြီးလျှင် ထောင်းထားသော ကြက်သွန် နှင့် ကြက်သွန်ဖြူများကို ဆီသတ်ပါ။
ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီး၊ ဆား၊ နနွင်းမှုန့်နှင့် အရောင်တင်မှုန့် ကိုထည့်ပါ။
ပြီးနောက် ခရမ်းချဉ်သီး နွမ်းသွားလျင် ရေထည့်ပြီး ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ။
ပြီးရင်တော့ ခရမ်းကြွပ်သီး၊ ငါးပိရည်ကျို နှင့် ငရုတ်သီးစိမ်းကို ထက်ပိုင်းပိုင်းပြီး ထည့်လိုက်ပါ။
ခရမ်းကြွပ်သီးနူးလို့ အရသာ အပေါ့အငံ မြည်းပြီးရင်တော့ တို့စရာနဲ့ တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။