Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း

ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း UMFCCI

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား တားဆီး၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် အသွားအလာ

ကန့်သတ်နေသည့် ကာလအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၄ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ် ညီနောင်အသင်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အမှာစကားပြောကြားရာတွင် COVID-19 ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဆိုင်ရာအခက်အခဲများရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန်လည်း ဆောင်ရွက်ရမှာဖြစ်ပြီး ကုန်စည်စီးဆင်းမှု၊ ရောင်းဝယ်မှုများကို ရပ်တန့်မှုမရှိရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများအား ညှိနှိုင်းဆောင်ရွက်ဖို့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့သည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အရေးကြီးသည့် အချိန်ကိုရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ခရီးသွားလာရေးကန့်သတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမယ်လို့ ပြောကြားသည်။


အသင်းချုပ်၊ ညီနောင်အသင်းနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြရာတွင်

 

-အသင်းချုပ်မှ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက်ကုန်စည်ပို့ဆောင်မှု ချောမွေ့စေရေးသည် အဓိကဖြစ်ကြောင်းနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ စီးဆင်းနိုင်ရေးသည်လည်း အရေးကြီးကြောင်း တင်ပြခြင်း။


-ကုန်ပစ္စည်းများတင်ပို့ရာတွင် အဝင်အထွက် ကန့်သတ်မှုများကြောင့် ကုန်တင်ယာဥ်များသွားလာရခက်ခဲနေခြင်း၊ တစ်ချို့ တိုင်းနှင့်ပြည်နယ်များတွင် ကုန်တင်ယာဥ်များ ဝင်ရောက်ခွင့်မပြုခြင်း။


-ကုန်တင်ယာဥ်မောင်းများကို မြို့အဝင်ရော၊အထွက်ရောများတွင်ကျန်းမာရေး စနစ်တကျ စိစစ်မှုများကို ပိုမိုကောင်းမွန်သည့် အစီအစဉ်များဖြင့် ဆောင်ရွက်နိုင်စေရေး။


-"ယာဥ်မောင်း ယာဥ်နောက် ပြောင်းလဲမောင်းနှင်ရန်" ညွှန်ကြားထားခြင်းကြောင့်အခက်အခဲများဖြစ်ပေါ်နေမှုနှင့် ရန်ကုန်မြို့သို့ ဝင်ရောက်ပါက မဖြစ်မနေ Quarantine ဝင်ရမည့်ကိစ္စရပ်များကြောင့် ယာဥ်မောင်းများရှားပါး​နေမှုတို့အပြင် ကုန်စည်စီးဆင်းမှု အထောက်အကူပြုရေးအတွက် ဆောင်ရွက်သင့်သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုခဲ့ကြသည်။


အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် ညီနောင်အသင်း အဖွဲ့များမှ ဥက္ကဌ နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်စက်မှုအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

 

 

 

By Wyk (Myanmar Food Guide)

UMFCCI

Read times
Rate this item
(0 votes)