Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်က ကလောမြို့နယ် သမဝါယမအသင်းစုနှင့် ချိတ်ဆက်ပြီး ဒေသထွက် အာလူးများဖြန့်ဖြူး

ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်က ကိုဗစ်-၁၉ ကာလအတွင်း အခြားသော

တိုင်းဒေသကြီး/ပြည်နယ်များ၊ ဒေသတွင်း သမဝါယမအသင်းအချင်းချင်းများနှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ်၏ ဒေသထွက်ကုန်သီးနှံများအား No Profit, No Loss စနစ်ဖြင့် ဝယ်ယူဖြန့်ဖြူး ပေးလျက်ရှိသည်။

 

သီးနှံစိုက်တောင်သူများနှင့် သမဝါယမအသင်းသူ၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးသီးနှံများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် ကုန်စည်များ ဝယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကလောမြို့နယ် သမဝါယမအသင်းစုနှင့် ချိတ်ဆက်၍ ဒေသထွက်အာလူး ပိဿာချိန်(၁၂၀၀)ကို ဝယ်ယူ၍ အောက်တိုဘာ ၁၃ ရက်တွင် နမ့်စန်(တောင်)၊ တောင်ကြီး၊ လွိုင်လင်၊ ညောင်ရွှေမြို့နယ်တို့ရှိ သမဝါယမအသင်းသား၊ အသင်းသူများထံသို့ ဖြန့်ဖြူးပေးနိုင်ခဲ့သည်လို့ သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)