Myanmar
ခံတွင်းမြိန်စေမယ့် တုန့်ယမ်းချဉ်စပ်ချက်နည်း
အစားတလိုင်းများဖြစ်သော လူကြီး၊ လူငယ်များအကြိုက် နာမည်ကြီးပြီး လူကြိုက်များနေတဲ့ ဟင်းတစ်ခွက်အဖြစ် ပင်လယ်စာ တုန့်ယမ်းချဉ်စပ်ဟင်းရည် ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ပင်လယ်စာအမျိုးစုံ၊ ကြက်ရိုးအနည်းငယ်၊ စပါးလင်၊ ပဒဲကော၊ မှို၊ တုန့်ယမ်းဟင်းအနှစ်၊ အုန်းနို့ ၊ ချင်း၊ ရှောက်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနှင့် နံနံပင် တို့ လိုအပ်ပါတယ်။
ပထမဦးဆုံး ပင်လယ်စာအစုံများကို သန့်စင်အောင် ရေဖြင့်ရေးကြောထားပါ။
ပြီးလျှင် ကြက်ရိုးကိုလည်း ရေဆေးကြောထားပါ။
ပြီးနောက် ကြက်ရိုးကိုအရင်ပြုတ်ပြီး အရည်ကြည်ကိုသာ ယူရမှာဖြစ်ပါတယ်။
ပြီးရင်တော့ တုန့်ယမ်းဟင်းချက်မည့် အိုးထဲကို ကြက်ပြုတ်ရည် အကြည်များ ထည့်လိုက်ပါ။
ပြီးလျှင် တုန့်ယမ်းဟင်းအနှစ်၊ ကြက်သွန်နီ၊ ပဒဲကော၊ ချင်း၊ ရှောက်ရွက်၊ စပါးလင်တို့ကို ထည့်၍ ပြုတ်ပါ။
၎င်းနောက် ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သကြားအနည်းငယ်တို့ကို ထည့်၍ အရသာကို လိုသလို မြည်းကြည့်ပြီး ထပ်ဖြည့်နိုင်ပါတယ်။
ပြီးလျှင် ဟင်းရည်ဆူလာတာနဲ့ မှိုကိုထည့်၊ ပင်လယ်စာများကို အိုးထဲထည့်၊ အုန်းနို့အနည်းငယ်ထည့်၊ သံပရာသီးအနည်းငယ်၊ တရုတ်နံနံအနည်းငယ်ထည့်ရပါမယ်။
ရေပွက်ပွက်ဆူလာလျှင် ငရုတ်သီးစိမ်းကို ထု၍ ချဉ်စပ်အရသာကို လိုသလို ထပ်ဖြည့်ပါ။
နောက်ဆုံးမှ ခရမ်းချဉ်သီးနှင့် နံနံပင်အနည်းငယ် ထည့်ရမှာဖြစ်ပါတယ်။ ပြီးလျှင်တော့ တုန့်ယမ်းချဉ်စပ်ဟင်းရည်ကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။