Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငရုတ်သီးဆားထောင်း

ထမင်းစားတဲ့အခါမှာ ငရုတ်သီးဆားထောင်းလေးနဲ့စားရင်တော့ ထမင်းစားမြိန်စေမှာဖြစ်ပါတယ်။ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ငရုတ်သီးဆားထောင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ငရုတ်ခြောက်တောင့်၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းသီးမှည့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး  ငရုတ်သီးဆားထောင်းဖို့အတွက် ငရုတ်သီးလှော်ဖို့ကို မီးခပ်အေးအေးနဲ့ အိုးကိုပူအောင်တည်ထားပါ။

 

ပြီးလျှင် အညှာခြွေထားတဲ့ ငရုတ်သီးတွေကို ထည့်လှော်လိုက်ပါ။

 

ပြီးနောက် ငရုတ်သီးခြောက်ပြီးကြွပ်လာပြီဆိုရင် ဆီအနည်းငယ်ထည့်ပေးပါ။

 

ပြီးလျှင် ငရုတ်သီးခြောက်ကို နာရီဝက်ခန့်အချိန်ယူပြီး မွှေးနေအောင်လှော်ပေးပါ။

 

ပြီးနောက် မန်ကျည်းမှည့်ရည်ကိုရေစိုရုံလောက်လေးရေနွေးစိမ်ထားသလို ကြက်သွန်ဖြူ ကိုခွာပြီး ထောင်းရလွယ်အောင်လေးစိတ်လောက်လှီးထားပါ။

 

ပြီးလျှင် ရှမ်းနံနံတွေကိုလည်းပါးပါးလှီးထားပါ။

 

ပြီးနောက် ငရုတ်ဆုံထဲမှာ ငရုတ်သီးကိုဆား၊ ဟင်းခတ်မှုန့်နှင့်ဦးစွာစထောင်းပါ။

 

Read More >>>>>  စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအတွက် ပြည်ပဈေးကွက်ရရှိစေရေး ဆောင်ရွက်ပေးမည်

 

ပြီးလျှင် ကြက်သွန်ဖြူလေးတွေကိုအနည်းငယ်စီထည့်ရင်းထောင်းသွားပါ။

 

ပြီးနောက် ငရုတ်သီးနှင့်ကြက်သွန်ဖြူ တွေခွဲခြမ်းအဆင့်ကိုကျော်ပြီဆိုရင် မန်ကျည်းသီးမှည့်ပျစ်ခဲခဲကို အဖတ်လေးတွေပါ ရောထည့်ထောင်းပါ။

 

ပြီးလျှင် စေးနေတဲ့အနေအထားရောက်ပြီဆိုရင် ပါးပါးလှီးထားတဲ့ရှမ်းနံနံလေးတွေထည့်ထောင်းပါ။

 

ပြီးရင်တော့ အရသာရှိတဲ့ ငရုတ်သီးဆားထောင်းကို ရပါပြီ။

 

#Myanmar Food Industry Directory (WWH)

 

Read times Last modified on Tuesday, 09 July 2019 15:59
Rate this item
(1 Vote)