Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ (၁၆၂၈၂၆၆) ဧကကို စိုက်ပျိုးသွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ (၁၆၂၈၂၆၆) ဧကကို စိုက်ပျိုးသွားမည် Google

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံအဖြစ် (၁၆၂၈၂၆၆) ဧကကို စိုက်ပျိုးသွားမည်ဖြစ်သည်။

 

ဆီထွက်သီးနှံ စိုက်ပျိုးမှုအဖြစ် နေကြာ(၃၂၇၃၀ဝ)ဧက၊ ဆောင်းနှမ်း(၅၂၃၀ဝ၀)ဧက၊ နွေနှမ်း(၉၅၀ဝ၀) ဧက၊ ပန်းနှမ်းဧက(၁၁၆၇၀ဝ) ၊ မြေပဲဧက(၅၃၁၅၀ဝ ၊ မုံညှင်း(၃၄၇၆၆) ဧက စုစုပေါင်း (၁၆၂၈၂၆၆)ဧက အား စိုက်ပျိုးသွား မှာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် (၂၁၉၂၀၆)ဧကအား လည်း ကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် (၁၆၉၃၂၃)ဧကအားလည်းကောင်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ်(၄)ခုတွင် ဧက(၁၇၉၄၁၀) အားလည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၆)ခုတွင် (၃၂၉၃၁၈) ဧကအားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် ဧက(၂၅၃၉၅၀) အား လည်းကောင်း၊ ကသာ ခရိုင်အတွင်းရှိမြို့နယ်(၇)ခုတွင်(၂၆၉၉၄၉)ဧကအား လည်းကောင်း စိုက်ပျိုးသွားမည် ဖြစ်သည်။

 

ချင်းတွင်းအထက်ပိုင်းဒေသများဖြစ်သော ကလေးခရိုင်အတွင်းရှိမြို့နယ်(၃)ခုတွင်(၁၃၆၈၉၁) ဧက အား လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိမြို့နယ်(၂)ခုတွင်(၂၉၀၆၅)ဧကအား လည်းကောင်း၊ တမူးခရိုင် အတွင်းရှိ မြို့နယ်(၁)ခုနှင့်မြို့(၂)ခုတို့တွင် (၁၉၄၇၂)ဧကအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိမြို့နယ် (၂)ခုတွင် (၁၉၀၇၀)ဧကအားလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်(၃)ခုနှင့် မြို့(၄)ခုတို့တွင် (၂၆၁၂)ဧကအားလည်းကောင်း စိုက်ပျိုးသွားမည်ဖြစ်သည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)